အပိုင်း(၁၄)

20.3K 1.1K 181
                                        

တတ်နိုင်သလောက်အစွမ်းကုန်ပြေးကာ ရှေ့မှလူတစ်ယောက်ဆင်းနေသည့် ကားအစုတ်လေးပေါ်အတင်းတက်မိသည်။

"ဦး ဦးလေး "........."ကိုမောင်းပေးပါ မြန်မြန်လေးဦးလေး။"

"အေး အေးပါတူမကြီး ဘာဖြစ်လာတာလဲ။"

"အနောက် အနောက်က အတင်းပိုက်ဆံအိတ်လုတာလုမရလို့ ရိုက်မလို့လုပ်နေကြလို့ပြေးထွက်လာတာ သမီးအစ်မအိမ်သွားမလို့။"

"အေး ဦးလေးမြန်မြန်မောင်းမယ် နင့်ကြည့်ရတာ မော‌တယ်ငါလည်း။"

အတင်းပင်တဆစ်ဆစ်ထိုးကိုက်လာသည့်ဗိုက်အား ဖိကာ တောင့်ခံထားမိသည်။အစ်မဆီရောက်ရင်တော့အဆင်ပြေသွားမှာပါ။
တဖြေးဖြေးကျလာသည့်ချွေးစက်အချို့အား လက်ဖြင့်သုတ်ကာ မူးဝေလာမိသည်။

"တူမကြီး ဟဲ့ ရောက်ပြီလေ အိပ်ပျော်သွားတာလား။"

"ရှင်။"

"ရောက်ပြီ။"

"ဟုတ် ဟို ကားခဘယ်လောက်ကျလဲဟင်။"

"မပေးပါနဲ့ နင့်ကြည့်ရတာ ပင်ပန်းနေပြီ သွားသွား အစ်မအိမ်ဆီ။"

ကားဆရာအားကျေးဇူးတင်စကားအထပ်ထပ်ပြောကာ အိမ်နံပါတ်အားလိုက်ရှာမိသည်။မရောက်ဖူးလို့လားပဲ တော်တော်နဲ့မတွေ့။လမ်းမှာလည်းလူပျက်နေပြီဖြစ်သဖြင့်အကူအညီတောင်းလို့ရမည်မဟုတ်။

"ဟိုမှာ ဟိုကောင်မတွေ့ပြီဆရာ။"

ဖုန်းပြောရင်းမိမိအားလက်ညှိုးထိုးပြနေသဖြင့် ကြာဖြူပြေးရပြန်ပါပြီ။
မောလည်းမောလွန်းလှသည်။

"အိမ်နံပါတ်371 ဟင်း အစ်မ အစ်မ"

"အဖြူပါ အစ်မရဲ့။"

တံခါးအားတဒုန်းဒုန်းထုကာလှည့်ကြည့်လှည့်ကြည့်ဖြင့် အားကုန်အော်နေသော်ငြားပွင့်မလာ။

"အစ်မ အဖြူပါ အဖြူ့ကိုတံခါးဖွင့်ပေးပါဦး။"

တဖြေးဖြေးနီးကပ်လာသည့်လူတစ်စုနှင့် ညမှောင်မှောင်မှာအော်ဟစ်နေသည့်မိန်းကလေးတစ်ယောက်။

"အစ်မ!!!!!!!!!!!!!!!!!"

"ကြာညိုရေ မောင့်ကိုအိမ်ရှေ့လေးသွားကြည့်ပေးမလား အပြင်ကအသံကြားနေတယ် ဘဲလ်မတီးတာများလားလို့ ။"

အင်းရေပြင်ကမောင့်ကြာညိုNơi câu chuyện tồn tại. Hãy khám phá bây giờ