မောင်ဟာသူ့အပြောအတိုင်းပင်မနက်အစောဆုံးထလျက် ဘုန်းဘုန်းဆီသွားလျှောက်သည်။ဒေါ်လေးပင်မနိုးသေး နေ့ဆွမ်းကပ်ဖို့ ဆိုင်ကပဲ အော်ဒါမှာသည်။အလောတကြီးမလို့ကြာညို့မှာဘာမှပြင်ဆင်ချိန်မရ။
အခြားသူတွေလိုမင်္ဂလာဆွမ်းကျွေးမှာ လှတပတဝတ်ဖို့အနေသာ ရှိတဲ့အင်္ကျီ ထဲမှ ခပ်လတ်လတ်တစ်ထည်သာကောက်စွတ်လျက်မောင်ထားရာနေနေရသည်။
"ဘာ!!!နင်ငါ့ကိုဘာမှမပြောပါလား။"
"ပြောစရာလိုလို့လား ဆွမ်းကပ်တာလေးပဲကို။"
"မနေ့ကမှမသာအတွက်ဆွမ်းကပ် ပရိတ်တရားနာပြီး ဒီနေ့မင်္ဂလာဆွမ်းကပ်မယ်ပေါ့ဟုတ်မှလည်းလုပ်ပါဦးနင်။ "
"အမလေးအရပ်အတို့ရေ ကြားလို့မှကောင်းကြသေးရဲ့လား။"
"ဟာ ဒေါ်လေးရာ စောစောစီးစီး တိုးတိုးနေစမ်းပါ...မောင်ကမပြောတာမဟုတ်ပါဘူး ဒီအတိုင်း မြန်မြန် လူသိရှင်ကြားဖြစ်စေချင်လို့။"
"နင်ငါ့ကိုကြိုပြောရမှာလေ ကြာညို့ကို အအင်္ကျီချုပ်ပေးမလို့ပါဆို။"
"အခုလည်း ဘာဖြစ်နေလို့လဲ။"
အငြင်းအခုံစဖြစ်လာပြီမလို့ကြာညိုကပဲတားကာ ကြားဝင်ဖြေရှင်းရသည်။မနက်ဆယ်နာရီလောက်မှမှာထားသည်ကရောက်လာသဖြင့် တစ်အိမ်လုံး ဘုန်းကြီးကျောင်းသို့ပြေးရပြီ။
ညီမငယ်ကတော့ဝင်မရ။အပေါက်ဝမှာသာကျန်ခဲ့သည်။
"ညီမငယ် အစ်မက ရေစက်မချခင်လာခေါ်မယ်နော် သာဓုခေါ်ရမယ်နော် ဘယ်မှလျှောက်မသွားနဲ့ ကြားရဲ့လား။"
"ကြားပါတယ် သွားသွား ဟိုအစ်မကြီးစောင့်နေပြီ။"
"အင်း...."
လှည့်ကြည့်လှည့်ကြည့်နှင့် အထဲဝင်ကာ ပြင်ရဆင်ရသည်။အော်ဒါမှာကတည်းက ဆိုင်ကလူတွေပါပါသည်မလို့ တစ်ခါထဲ ဝိုင်းပြင်လို့သာတော်ပါသေးသည်။ဒါနဲ့။
"မောင်ဘာမှာထားတာလဲဟင်။ "
"ကြက်ဆီထမင်းလေ ဒံပေါက်ဆို ဦးဇင်းတွေသွေးတိုးကုန်မယ်။"
ဘုန်းဘုန်းအားဆွမ်းကပ်ပြီး ညီမငယ်အတွက် လည်း သင်္ကန်းလျှုခဲ့သည်။ကြာညို့မှာတော့တစ်ခေါက်ပင် သစ်ခက်ကလေးချိုး၍ ကျောင်းပေါ်ခေါ်လာရသည်။ဝင်မရမှာလည်းစိုးသည်။
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
