အပိုင်း(၁၃)

20.6K 1.1K 221
                                        

"ကိုကိုကြီး ကိုကိုကြီးလို့ !ကိုကိုကြီးကကွာအဖြူ့ကိုဂရုလဲမစိုက်ဘူး။"

"ကဲ ကလေးလေးကဘာလိုချင်လို့တုန်း။"

"ကိုကိုကြီးကိုပြောစရာရှိလို့။"

"ဟုတ်ပြီဗျာ ပြော ဘာလဲကလေး။"

ကိုကိုကြီးဟာ လုပ်လက်စကိုချ၍ ကြာဖြူ့ဘက်လှည့်လာသည့်အခါ လက်ထဲကဆီးစစ်တံကလေးအားထောင်ပြလိုက်သည်။

"ကိုကိုကြီးရဲ့ကလေးလေးရှိနေပြီ။"

".............."

"ကိုကိုကြီးကမပျော်ဘူးလားလို့။"

"ကလေးရှိနေတယ် ဟုတ်လား!။"

လက်ထဲကစာရင်းစာအုပ်ကိုချ၍ အသံအနည်းငယ်မာလာသည့်အခါကြာဖြူ့ကိုယ်လေးတုန်တက်သွားသည်။
ဒါတင်မကပဲ အားပြင်းပြင်း လက်ဝါးတစ်ချက်ဟာ ကြာဖြူ့ပါးပြင်ပေါ်ကျလာခဲ့သည်။

"အား အဖြူ့ကို ဘာလို့ရိုက်တာလဲ ဘာလဲကိုကိုကြီးက ကလေးမလိုချင်တာလား။"

"နင့်လိုကောင်မက ဒီစကားပြောနိုင်သေးလား ဟမ်။"

အားပြင်းပြင်းနှင့် ကြာဖြူ့ဆံပင်အားဆောင့်ဆွဲလိုက်သဖြင့် ယက်ကန်ယက်ကန်ပါလာရသည်။

"အား ကိုကိုကြီး လွှတ်နော်! အဖြူတအားနာနေပြီ။"

"စောက်ကောင်မ ငါဒီလောက်ကောင်းကောင်းမွန်မွန်ထားနေတာတောင်နင်က ရောင့်တက်တယ်ပေါ့။"

"ကိုကိုကြီး ဘာတွေပြောနေတာလဲ ကလေးရှိလို့ရှိတယ်ပြောတာလေ ကလေးကိုတာဝန်မယူနိုင်ရင်လည်းဖြတ်ချ‌ဖို့ကောင်းကောင်းပြောပေါ့ လက်မပါနဲ့။"

နာလွန်းသည့်အဆုံး အသံကုန်အော်လိုက်သည့်အခါ ကိုကိုကြီးရဲ့လက်က အားလျော့သွားသည်။

"ဟုတ်လား ငါကအမြုံလေကောင်မရဲ့။"

"ရှင်"

"ငါကကလေးမရနိုင်ဘူး...နင်ဘယ်သူ့ဆီသွားခိုးခံနေတာလဲဟမ်!စောက်ကောင်မ။"

တဖန်ပြန်ကျယ်လာသည့်အသံဟာကြာဖြူ့နားထဲတိုးမဝင်နိုင်။စိတ်ထဲပေါ်လာသည်ကား ဆရာ။ဆရာနှင့်သူမခိုးတွေ့မိပါသေးသည်။

အင်းရေပြင်ကမောင့်ကြာညိုOnde histórias criam vida. Descubra agora