ညနေလေးနာရီလောက်မှ ဘုရားသို့ပြန်လာခဲ့သည်။ဒီကနေ့တော့လူများသား။ရှုပ်ရှက်ခပ်နေသည့် ပန်းသည်နှင့်ဘုရားဖူးများကြားမှ ကြာညို့ဆိုင်ခန်းလေးထံတန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
အိမ်မှထွက်မလာခင် ဖရဲသီးခွဲရင်လက်ရှထားသေးသဖြင့်စိတ်သိပ်မကြည်လှ။ပတ်တီးအဖွေးသား သူ့လက်ကလေးဟာအနာရှိန်ကြောင့်ကိုက်ခဲနေသည်။
"ကြာပန်းတွေရမယ်နော် ကြာဖူးလေးတွေလည်းလှတယ် တစ်စီးမှငါးရာထဲနော်။"
"ကြာပန်းတွေရမယ်...."
"မောင့်ကြာညိုလေး"
ခေါ်သံကြားသည့်အခါပန်းသည်မလေးလှည့်ကြည့်လာသည်။ဒါဟာသူ့ကိုစိတ်ကြည်လင်စေသည့်ဆေးတစ်မျိုးပင်။
"ရှင်ဘာလာလုပ်ပြန်တာလဲ။"
"ဟင် ဘာလာလုပ်လို့လဲ ဘယ်မှမသွားတတ်လို့ဘုရားလာတာလေ။"
ရှပ်အင်္ကျီပွပွ နှုတ်ခမ်းခပ်ဆူဆူကလေးနှင့် ကြာညိုဟာ သူ့ကိုခါးထောက်၍ကြည့်လာသည်။
"ဒါဖြင့်ရင်လူကြားထဲမှာ "မောင့်ကြာညိုလေး"လို့ ဘာလို့ခေါ်နေလဲကြာညိုက ရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်ဘူးရှင့်။"
"ဟော တစ်ချက်သိပြီ ကြာညိုကရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်ဘူး နောက်ရောဘာမကြိုက်တာရှိသေးလဲ။"
"ရှင်လာလာပြီးမနှောင့်ယှက်ပါနဲ့ ပန်းတွေမကုန်ရင် ကြာညို့ညီမလေးကျောင်းစရိတ်ပျက်လိမ့်မယ်။"
"ဟုတ်ပြီလေ မောင်လည်းပျင်းနေတာနဲ့အတော်ပဲဆိုတော့ ပန်းရောင်းကူရသေးတာပေါ့။"
ပြောပြောဆိုဆိုဖြင့်အင်္ကျီ လက်ကိုခေါက်တင်လိုက်သည်။လက်မှာတော့ပတ်တီးနှင့်။
"ရှင့်လက်က"
"အာ ဓါးရှတာ"
"ကြာပန်းတွေရမယ် ကြာပန်းဗျို့...ရုပ်ချောချောလေးနဲ့ရောင်းပေးနေတာနော် ဘိုင်ဝမ်းဂတ်ဝမ်းပဲ ကြာပန်းတစ်စီးဝယ်ရင် ကြာကွက်တစ်ခုရမယ် ဘုရားဖူးတွေထဲမှာ ကြာကွတ်စားဖူးတဲ့သူတွေရှိလားဗျို့ ရှိရင်လာနော် မရောင်းဘူး ဖရီးပေးမှာ ဖရီး။"
YOU ARE READING
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
