အပိုင်း(၁၉)

20.1K 1.1K 306
                                        

ဒေါ်လေးဟာကြွက်သေရှာရင်းကြွက်သေမတွေ့ပါပဲ ကြာပန်းကိုသာယူသွားခဲ့သည်။
အချိန်ဟာလည်း ‌နောက်ကျနေပြီမလို့သူတို့အားလုံးကိုယ့်အခန်းကိုသာပြန်ဝင်ခဲ့သည်။
ကြာညိုကတော့ အော်သံကြားပြီးက‌တည်းက တစက်မှမလှုပ်၊အခန်းထဲ ရောက်သည်နှင့်စောင်အောက်ဝင်ကာ တစ်ချိိုးထဲအိပ်ပေတော့သည်။

မနက်ငါးနာရီ ။ဝေလီဝေလင်းအချိန်၌ ဒေါ်လရိပ်ချိုတစ်ယောက်နိုးလာခဲ့သည်။ဧည့်သည်တွေရှိနေသဖြင့် မနက်စာပြင်ရန်တစ်နာရီလောက်ပိုစောထခြင်းဖြစ်သည်။
လုပ်နေကြအတိုင်း မျက်နှာသစ်ပြီး ကျောလယ်လောက်ဆံပင်ကိုထုံးကာ ဟင်းချက်ခြင်းအမှုကိုစတင်ရန် မီးဖိုချောင်သို့ဝင်ခဲ့သည်။

ပြတင်းပေါက်မှလာသည့်  အအေးဓာတ်ဟာ မီးဖိုချောင်အထိတဖြေးဖြေးပျံ့နှံ့လာသည်။

"နိုးလာမှတွေ့‌ဦးမယ် စားပြီး၊သောက်ပြီးရင်ပန်းကန်ကိုငါ့ပဲဆေးခိုင်း ရဦးမယ် ကုသိုလ်တွေ။"

ဒေါ်လရိပ်ချိုမှာလည်းအပျိုကြီးပီပီဗျစ်တောက်ဗျစ်တောက်ပြောကာ ညကမဆေးရသည့်ပန်းကန်များအား တစ်ချပ်ခြင်းစီဆေးနေခဲ့သည်။ ခဏနေအမဲသားချက်မည်မလို့ အမဲသားကို အအေးကန့်ထဲကထုတ်ကာ ဇလုံထဲတဖန်ပြောင်းထည့်ခဲ့သည်။

တစ်ချက်တစ်ချက်ကျောအနောက်မှအေးစက်သွား သော်လည်း သူမ မမု။ ပြတင်းပေါက်ကလေဟုသာထင်၍အရေးမစိုက်ပဲ လုပ်နေဆဲအလုပ်ကိုသာ ဆက်လုပ်ခဲ့သည်။

"ကလုန်..!!"

"ဟဲ့ အို"

အလန့်တကြားအနောက်ကိုလှည့်ကြည့်မိတော့ အမဲသားဇလုံဟာမှောက်လျက်။ခပ်မဲမဲအရိပ်ဟာမျက်စိထောင့်စွန်းလေးမှ ဧည့်ခန်းထဲပြေးသွားသည်ကိုမြင်လိုက်ရသည်။

"စောစောစီးစီး ဘယ်အိမ်ကကြောင်လဲ ကိုယ့်ကြောင်ကိုယ်လည်း ထိန်းထား‌သိမ်းထားဟေ့"

အမဲသားဇလုံအားကုန်းကောက်ကာ ‌ကြမ်းပြင်ပေါ်ကအသားများအားပြန်ထည့်လိုက်ရသည်။အေးခဲနေသည်မလို့ သဲပေတာတော့ကိစ္စမရှိ‌။‌ ကြမ်းပြင်ပေါ်၌ရေတွေကတော့စိုရွှဲကုန်ပြီဖြစ်သည်။အမဲသားကိုလည်းမချက်ခင်တော့ ရေဆေးရဦးမည်။

အင်းရေပြင်ကမောင့်ကြာညိုWhere stories live. Discover now