လူရှစ်ယောက်ဟာတုပ်တုပ်မျှမလှုပ်။ထိုနေရာ၌ကြပ်သေသေ၍ရပ်နေကြသည်မှာမယုံနိုင်စရာ။
မျက်စိရှေ့မှ ထိုအရာဟာလည်း ကြောင်တစ်ကောင်လုံးကိုပင်အားပါးတရစားသောက်နေသည်။ဝေလီဝေလင်းမနက်ခင်းမှာ တစ်အိမ်လုံးအပုပ်နံ့နှင့် ကြောင်၏သွေးညှီနံ့ဟာဖုံးလွှမ်းသွားသည်။"ဟဲ့ ဘုရားစာရွတ်ကြလေ။"
ဒေါ်လေး၏အသံဟာအနောက်မှခပ်တိုးတိုးလေးထွက်လာသည်။
"အစကဘာလဲ။"
"ဘုရားစာပါဆိုအစကဘာလဲလုပ်နေတယ်။ နင့်ကိုရွတ်ခိုင်းနေတာ။"
ဒေါ်လေးဟာအံကိုကြိတ်၍ပြောပြန်သည့်အခါ အရှေ့မှထိုအရာ၏လှုပ်ရှားမှုသည်ချက်ခြင်းရပ်တန့်သွားသည်။
"ရပ် ရပ်သွားပြီ။"
"နင်တို့အားလုံး ဒီအိမ်ထဲကထွက်လို့မရတော့ဘူး ဟီးးဟီးး.........။"
ဂျိန်း!!!!!!!!!
ပြတင်းပေါက်ပါမကျန် တံခါးမကြီးအထိ သူ့အလိုလို ပိတ်ကျသွားသည်။ကြာညိုတို့မှာလည်း အရင်ကခပ်ခွါခွါလူထပ် အနားပိုကပ်သွားကြသည်။
အရှေ့က ထိုအရာကတော့ သူတို့အားပြုံးပြလျက်ပင်တစ်လှမ်းချင်းလျှောက်လာခဲ့သည်။
တစ်အိမ်လုံး အပုပ်နံ့နှင့် ရယ်အသံချို့ဟာပဲ့တင်ထပ်လျက်.......
ကြာညိုရှေ့တွင် ပြုံးပြသော်ညား တစ်ခါတလေ မျက်နှာကတည်တည်သွားသည်။တစ်လှမ်း......။
နှစ်လှမ်း........။
သုံးလှမ်း.......။
တဖြေးဖြေးနီးကပ်လာသည့်အခါ သရုပ်မှန်ဟာပေါ်သည်ထက်ပေါ်လာသလို အသားစိုင်များဟာ ကွာကျလျက် အနာအရည်တရွှဲရွှဲ သွေးပုပ်များယိုကျနေသည့်အသားအရေသာကျန်သည်။တစ်ကိုယ်လုံးရှိ အဝတ်ဟာလည်း ရေစိုနေလျက်၊ ခြေတလှမ်းစီ၌ ရေတစက်စက်ကျလျက်.........။
သူတစ်လှမ်းလှမ်းလျှင်....တစ်လှမ်းနောက်ပြန်ဆုတ်သည်။လှေကားကိုနောက်ပြန်တက်နေရသည့်ဘဝဟာ လူရှစ်ယောက်၏အင်အားမှဟုတ်ပါရဲ့လား။ယောကျာ်းအရင့်အမာကြီးတွေကပင် အသံတစက်မှမထွက်။
ဆံပင်ဖားလျားနှင့် နာနာဘာဝဟုထင်ရသောထိုအရာသည် တရှိန်ထိုးပြေးကာ ရှောင်ချိန်တောင်မရခင်.........
ŞİMDİ OKUDUĞUN
အင်းရေပြင်ကမောင့်ကြာညို
Romantizmဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။