အပိုင်း(၁၇)

12.5K 972 138
                                    

"‌စိတ်ချမယ်နော် ဒေါ်လေး။ ညဘက်အိမ်တံခါးတွေပိတ်ဦး။"

"ငါသိပါတယ်။နင်သာ ကြာညိုလေးကိုစောင့်ရှောက်။"

အမှာခြွေတာနဲ့တင်တစ်နာရီလောက်ကြာလေရော့မည်။လက်ဖ်တော့နှင့်ပါဝါဘန့်ဟာမပါမဖြစ်ယူလာရသေးသည်။‌ ကလေးကြီးအတွက်တီဗီမရှိတော့ဒါနှင့်ပြထားရမည်။

"ကြာညို လာတော့။ မောင်ကားစက်နှိုးပြီးပြီ။"

"ခနလေးမောင်ရဲ့ ‌။ဒေါ်လေးဖို့ ဆေးထုတ်ထားခဲ့ပေးမလို့ ။"

ကြာညို့အပြောကြောင့်ခပ်ရေးရေးကလေးပြုံးမိသွားသည်။ဒေါ်လေးကိုသူ့အဒေါ်အရင်းလိုဂရုစိုက်နေသည်ကလည်းကြည်နူးစရာအတိ။

ထုံးစံအတိုင်း ကားစက်နှိုးပြီးကြာညိုနှင့်သာအိမ်သို့ထွက်ခဲ့သည်။လှေမရှိသဖြင့်စက်လှေကတော့တစ်ခေါက်ငှားရသည်။

"ဟူး.....အိမ်အရင်ရှင်းကြစို့မောင့်ကြာညို။"

"ဖုန်တွေချည်းပဲ။ကြမ်းတိုက်ပြီးမှ တခြားရှင်းရမယ်ထင်တယ်မောင်။"

"ဟုတ်ပြီလေ။ မောင်အရှေ့ခန်းတိုက်ထားလိုက်မယ်။ ကြာညိုက အိပ်ခန်းကိုတိုက်။"

"ဟုတ်ကဲ့မောင်။"

ကြာညိုဟာအမိန့်ပေးသည်ဖြစ်စေ၊ပုံမှန်စကားပြောသည်ဖြစ်စေ၊သူ့စကားဆိုဟုတ်ကဲ့ဟုသာ တသွေမတိမ်းနာခံတတ်သည်။လိမ်မာလိုက်တဲ့မိန်းကလေးပါလေ ။

အဝတ်စတစ်ခုထုတ်ကာ ‌ရေပြင်မှရေခပ်၍ ကြမ်းတိုက်ခြင်းအမှုကိုပြုရသည်။အိမ်တံခါးပိတ်ထားသော်လည်းဖုန်ကတော့ တက်သည်။
ကြမ်းတိုက်ပြီးနောက် ညနေစောင်းချေပြီ။အိမ်တစ်အိမ်လုံးရှင်းဖို့ဆိုတာနောက်မနက်မှရမည်။ဒီကနေ့တော့ ကျောတခင်းစာရရင်ကိုလုံလောက်ပြီ။

"ကြာညိုအဲ့တာကိုထားခဲ့တော့။ နား‌တော့။ မနက်ဖြန်မှအတူထပ်ရှင်းမယ်။"

"ဟုတ်။ မောင်ထမင်းစားတော့မလား။ "

"စားမယ်လေ။ ကြာညိုပါစား.... အဟမ်း ဒေါ်လေးမရှိတာကောင်းလိုက်တာ။"

"မောင်နော် ကိုယ့်အဒေါ်ကို။"

ကြာညိုကမျက်စောင်းကလေးချီ၍ပြောသည့်အခါ မောင်ဟာသွားညီညီလေးတွေပေါ်သည်အထိပြုံးပြပြန်သည်။

အင်းရေပြင်ကမောင့်ကြာညိုDove le storie prendono vita. Scoprilo ora