အပိုင်း(၂၂)

20K 1.1K 115
                                        

"မောင် ကြာညိုတို့ဒေါ်လေးကိုမနှိုးခဲ့လိုက်ရဘူးနော်။"

"ဟမ်...ဒေါ်လေးမပါလာဘူးလား။"

"မပါလာဘူးလေ မောင်ပဲကြာညို့လက်ကိုဆွဲလာပြီးတော့ အကုန်လုံးကလည်းအနိုင်နိုင်ပြေးလာတာကို။"

မောင်ဟာကြာညို့စကားကြောင့် နားထင်သွေးတောင်ဆောင့်တက်ကုန်သလားမသိ။ခေါင်းနပန်းကြီးကုန်သည်။

"ဟာ မောင် မောင်သွားခေါ်ရမှာပေါ့"

"ညီမ အစ်ကိုတို့ရောက်နေတာဘုရားခန်းမဟုတ်ဘူးနော် ညီမထွက်သွားတာနဲ့သူရောက်လာမှာ။"

မောင့်မှာထိုင်ရမလိုထရမလိုနှင့်စတိုခန်းအတွင်းဗြာများနေသည်။သွားမခေါ်လို့ကလည်းမဖြစ်။သူ့မှာရှိတာမှဒီအဒေါ်တစ်ယောက်သာ။

"ရှပ် ရှပ်ရှပ်........ကျွီ........."

အခန်းအပြင်မှခြေသံကြားလိုက်ရသဖြင့် ပြောလက်စကားများရပ်ကာငြိမ်သက်ကုန်ကြသည်။

"ထွက်လာခဲ့ကြ နင်တို့ရှိနေတာငါသိတယ်"

"ဘယ်လိုလုပ်မလဲဟင် ကြာညိုကြောက်တယ်။"

ကြာညိုဟာအသံခပ်တိုးတိုးဖြင့်အားငယ်စွာပြောရှာသည့်အခါကျန်လူများမှာလည်း ဘာဆက်ဖြစ်မလဲတွေးပူနေရသလိုလို။

"ထွက်လာခဲ့ကြလေ!!!"

"မောင်"

"ငါလာလို့တွေ့ရင်တော့အကုန်အသေပဲနော်။"

ကြောက်စရာအသံဟာစတိုခန်းနှင့်နီးသထက်နီးလာသည်။ဒီအသံကိုတစ်မနက်လုံးကြားနေရသော်လည်းရိုးမသွားနိုင်။အမြဲလိုကြက်သီးမွှေးညှင်းများထကာ ရင်တောင်တုန်စေသည်။

"တောက် ငါ့အိမ်မှာနေပြီးငါပြန်ကြောက်နေရတယ် ကြာညိုဒီမှာနေခဲ့။"

"မောင်မသွားနဲ့"

မောင်ဟာ ကြာညို့လက်တစ်ဖက်အားဆွဲဖြုတ်ကာ စတိုခန်းတံခါးကိုဆောင့်တွန်းလျက်ထွက်ခွာသွားသည်။အခန်းအပြင်မှာတော့ မှန်းထားသည့်အတိုင်း ထိုအရာဟာ ရပ်စောင့်နေဆဲ။မောင့်ကိုမြင်သည်နှင့် ကြောက်စရာအပြုံးဖြင့်ပြုံးပြသည်။

အင်းရေပြင်ကမောင့်ကြာညိုWhere stories live. Discover now