အပိုင်း(၁၆)

21.6K 1.2K 144
                                        

"မောလိုက်တာ အကြည်စိုက်နေကြလို့ငါပြန်လာတာတောင်မသိကြဘူးလား သူခိုးသာဆိုပြောင်ပြီတစ်အိမ်လုံး။"

ကြာညိုဟာအရှက်ပိုစွာ အပြေးတပိုင်းဈေးခြင်းကိုကူသယ်သွားသည်။သူ့မှာတော့ မုန့်မရလိုက်သည့်ကလေးနှယ်မယုံကြည်စွာပင်။

"ဘယ်ကတည်းကပြန်ရောက်နေတာလဲ မဟုတ်မှ ဈေးကိုမသွားတာလား။"

"ငါခေါက်ထဲ့လိုက်ရ ဈေးမသွားပဲ ဒါတွေပြန်ပါလာမလား သွားတာပေါ့ဟဲ့။"

"အဲ့လောက်မြန်ရလား။"

"ဟိုဘက်လမ်းထိပ်ကအိမ်မှာကုန်စိမ်းရောင်းနေလို့အဲ့ဒီ့ကဝယ်ခဲ့တာလေ။"

"ဟမ်"

ဒေါ်လေးဟာသူမသိသလိုပင် အိမ်ထဲဝင်သွားသည်။ဘာတစ်ခုမှမမြင်တာတော့မဟုတ်ဘူးမလား။လမ်းထိပ်နဲ့ဒီကဘယ်လောက်တောင်ဝေးလို့လဲ။အဲ့လောက်ထိမြန်ပုံထောက်ရင်မစားရတဲ့အမဲသဲနဲ့ပတ်တာပဲ။

"ပြောတော့သဘောတူတယ်ဆိုပြီး။"

စိတ်ပေါက်ပေါက်နှင့်ပြောပြီး အိမ်ထဲမလိုက်သွားရရင်လည်းမနေနိုင်။ပူပူနွေးနွေးချစ်ရသူလေးကို....တွေးရင်းပင်စိတ်တိုစရာ။

"ကြာညို မောင်ဘာကူရမလဲ။"

"ဟင် ဟို ကြာညိုပန်းကန်ဆေးတုန်းမောင်။"

ကြာညို့စကားကြောင့်မောင့်မျက်နှာဟာပြုံးစိစိဖြစ်သွားပြန်သည်။ဒေါ်လေးဟာအဝတ်လဲနေသည်ကိုသူမသိ။ကြာညို့ခါးကိုဖက်ကာ ပခုံးပေါ်၌မေးလာတင်ထားသည်။ကြာညိုကတော့ ငြင်းရခက်၊အော်ရခက်ပင်။

"မောင်ရယ် ကြာညိုအလုပ်လုပ်နေတယ်လေ။"

"လုပ်ပေါ့ မောင်ကဖက်ထားရုံပဲကို။"

ပြောရင်းဆိုရင်းဂုတ်ကဆံနွယ်အချို့အားတစ်ချက်ရှိုက်ယူနမ်းလိုက်သည်။ကြာညိုဟာအထိမခံလေးမလို့ချက်ချင်းပင်တုန်တက်သွား‌သယောင်။

"ဟဲ့ အတ္တမောင်!"

"ဟာ...."

"နင်ဘယ်လိုဖြစ်လို့ပူးပူးကပ်ကပ်လိုက်လုပ်နေရတာလဲ ပူရအိုက်ရတဲ့အထဲ။"

"မောင်မပူပါဘူး ဖျားချင်နေလို့ထင်တယ် နိုးကတည်းကချမ်းနေတာ အရမ်း။"

အင်းရေပြင်ကမောင့်ကြာညိုDonde viven las historias. Descúbrelo ahora