ကြာညိုနဲ့နောက်ဆုံးတွေ့ပြီးကတည်းက မအားသည်က ပိတ်ရက်ကျမှပဲ အချိန်ရတော့သည်။ဒီနေ့ကြာညို့ကိုဘုရားမှာသွားတွေ့မည်။ကြာညို့အိမ်ကိုလိုက်လည်ရမည်။သူ့အဖို့တော့ကံကကောင်းပြီးရင်းကောင်းတာပါပဲ။
အင်္ကျီ လက်ကိုခေါက်တင်ကာ အပြင်သွားရန် ခြံတံခါးသော့ကိုယူလိုက်သည်။
"အဲ့ဒါကဘယ်လဲ။"
"ငိ။"
"နင့်ခြေလှမ်းကိုအခုရပ် ပြောပါဦး
မယ်မင်းကြီးမ ငါ့ကိုအင်းလေးခေါ်လာပြီးတစ်ယောက်ထဲလည်တယ်၊ သွားတယ် ဟမ်ငါ့မှာတော့အိမ်စောင့်နတ်လုံးလုံးဖြစ်နေပြီ။"
"နင်အခုဘယ်ကိုခြေရှည်မှာလဲ။"
"ဟို သူငယ်ချင်းက ထမင်းစားဖိတ်ထားလို့။"
"နင့်မှာဘယ်သူငယ်ချင်းရှိလို့လဲ ငါ့ကိုမှန်မှန်ပြောစမ်း ကောင်မလေးရနေတာလား။"
ဒေါ်လေးဟာမယုံသင်ကာဖြင့်စူးစမ်းနေပါသည်။ခါးတစ်ဖက်ကိုထောက်ကာ တံခါးဝရှေ့ပိတ်ရပ်ထားသည်။
"ဘဲမဟုတ်ဘူးလား။"
"ဟဲ့ မိရွှေမောင်...နင့်ပုံစံကဘဲရမယ်လို့ထင်စရာလား ငါလည်းခေတ်နဲ့အညီသိပါတယ် ငါ့ကိုသာပြောပြ။"
"အဲ့ဒါ...သူနဲ့က ဘာမှတော့မပတ်သတ်သေးပါဘူး ဒီအတိုင်း သိရုံပဲသိတာ အရင်တစ်ခေါက် အင်းလေးလာကတည်းကသိတာ။"
"ဪ ညည်းကဒီလိုကိုး။"
"ဟင်။"
"ငါအကဲခတ်ကြည့်ပါဦးမယ် သွားခြံရှေ့ကစောင့်နေ ငါအိမ်တံခါးပိတ်မလို့။"
လုံချည်ကိုမကာ လှေကားပေါ်တက်ရန်ပြင် နေသည်မလို့ သူအလျှင်အမြန်တားရသည်။
"ဒေါ်လေးပါလိုက်မလို့လား။"
"အေးပေါ့ဟဲ့ နောက်လည်းအမျိုးတော်ရမှာကို ကြိုအကဲခတ်ရမှာပေါ့။"
"ဟမ်။"
အတ္တမောင်ဉာဏ်မမှီတော့ချေ။ဒေါ်လေးဟာအိမ်အပေါ်ထပ်တက်ကာပြတင်းပေါက်တွေသွားပိတ်နေသည်။ကြာညို့ကိုဘယ်လိုရှင်းပြရမလဲသူမသိ။ရင်တွေတုန်လှသည်။
ဘုရားပေါ်စောင့်ရန်သာမှာထားသည်မို့ဒေါ်လေးနှင့်အတူဘုရားပေါ်မှာပဲစောင့်နေသည်။ဒီနေ့ကြာညို့ဆိုင်ခန်းကလေးကရှင်းလင်းနေတာမလို့ ပိတ်သည်ထင်ပါသည်။
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
