"စားပြီးဘယ်သွားဦးမလဲမောင့်ကြာညို။"
"အဟွတ်.!!"
"ဖြေးဖြေးစားလေ...နင်နေတော့မယ်"
ကြာညို့အရှေ့က တစ်သျှူးဘူးကိုဖွင့်ပေးလိုက်သည်။
"အဲ့လိုမခေါ်ပါနဲ့ဆိုနေနော်။"
မျက်စောင်းကလေးချီ၍ပြောလာသည့်အခါ ခေါင်းကိုတဆတ်ဆတ်ညိတ်ပြမိသည်။
"နေ့လည်စာလည်းစားပြီးပြီ ပန်းကိုတော့ညနေမရောင်းနဲ့တော့လေ...မောင်နဲ့အတူ လည်လည်ထွက်ပစ်လိုက်မလား။"
မောင်က ထိုသို့ဆိုသည့်အခါကြာညိုစဉ်းစားရကြပ်သွားသည်။
"မဖြစ်ဘူးမောင် ဒီနေ့ပန်းမရောင်းရင် ညီမငယ်အဖို့မုန့်ဖိုးရှိမှာမဟုတ်ဘူး ...ပြီးတော့ မနေ့ကပဲ စကားများကြသေးတယ်။"
"အဲ့ဒါကြောင့် ကြာညို့ကိုပန်းမရောင်းစေချင်တာ..ဘယ်လောက်မှလည်းမရဘူး ပန်းမရောင်းပဲ မောင့်အတွင်းရေးမှူးလုပ်မလား စာလည်းသင်ပေးမယ်လေ။"
"ဟို ကြာညိုသိသလောက်အတွင်းရေးမှူးကစာအရမ်းတော်မှခန့်တာမဟုတ်လား ဘွဲ့ရဦးမှလေ။"
"ဟိုးထား အဲ့ဒါတွေမလိုဘူး ကြာညိုတဖြေးဖြေးသိလာမှာပေါ့...ပညာတတ်တိုင်း စိတ်ဓာတ်ကောင်းမယ်လို့မှမရှိနိုင်တာ။ဟောဒီက ကြာညိုလေးကတော့ စိတ်ရောသဘောရောအကုန်ကောင်း။"
ကြာညို့အားချီးကျူးခန်းလေးဖွင့်မိသည့်အခါတခစ်ခစ်ရယ်ပါသည်။စားပြီးသောက်ပြီး အနီးနားသို့တဖြတ်လမ်းလျှောက်ကြသည်။နေ့လည်ခင်းနေကခြစ်ခြစ်တောက်ပူနေသဖြင့် သိပ်မသွားနိုင်။
အနားရှိအအေးဆိုင်က အအေးနှစ်ဘူးဝယ်ကာကားထဲဝင် အဲယားကွန်းဖွင့်ပြီးထိုင်မှသာတော်ရာကျသည်။ကြာညိုကတော့ပူသည်အေးသည်မပြောပေမယ့် သူကတော့သိပ်ပူပါသည်လေ။
"ရော့ ...မပူဘူးလားကြာညို။"
"ကြာညိုကနေသားကျနေပါပြီမောင်ရဲ့ မောင်သာသောက်...ချွေးတွေများရွှဲလို့။"
လက်ဖဝါးသေးသေးကလေးဟာ သူ့လည်ဂုတ်နားကျလာသည့်အချိန်မှာတော့မပြုံးပဲမနေနိုင်လောက်အောင်ပင်။
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
