အပိုင်း(၆)

22.5K 1.3K 131
                                        

"အိမ်ရောက်ရင်ဆေးသေချာထည့်နော်။"

"အင်းပါကြာညိုရဲ့ ဒေါ်လေး ပြန်မယ်လေ။"

အိမ်ရှေ့ခန်း၌ဒေါ်လေးဟာကြာဖြူနှင့်မျက်စောင်းအပြိုင်ထိုး၍ ထောင့်တထောင့်စီ
ကပ်ပြီးထိုင်နေသည်။

"အင်း ပြန်မယ်။"

"ကြာညိုလိုက်ပို့မယ်လေ။"

"နေနေ နေ...စက်လှေငှားသွားလိုက်မယ် သမီးလည်းပင်ပန်းရောပေါ့။"

"ဟုတ်တယ်ကြာညိုရဲ့ အိမ်မှာပဲနေခဲ့နော်။"

"ဟုတ် ဒါဖြင့် စက်လှေနားထိလိုက်ပို့မယ်လေ။"

ကြာညိုလေးဟာ စက်လှေရှိရာအထိဂရုတစိုက် လိုက်ပို့ရှာသည်။အတ္တမောင်ကတော့ဒေါ်လေးကိုသာကြည့်နေရသည်။ကြာညို့ကိုတော့သဘောကျလွန်းသည်။သူကြည့်မရတာကြာဖြူဖြစ်လိမ့်မည် ။ဒါကိုလည်းသူဂရုမစိုက် ကြာညို့ကိုကြည်ဖြူရင်ရပြီပေါ့။

အတ္တမောင်တို့ထွက်သွားပြီးမှကြာညိုအိမ်ထဲပြန်ဝင်ခဲ့သည်။

"အစ်မကလည်းနော် သူတို့နဲ့ဘယ်လိုသိတာလဲ။"

"ညီမလေးတောင် သူ့ဆီကပိုက်ဆံယူထားပြီး အစ်မကမျက်နှာလွှဲခဲပြစ်လုပ်လို့ရပါ့မလား ပြီးတော့ မောင်က အစ်မကိုပန်းကူရောင်းတယ်လေ။"

"မောင်...အဲ့ဒီမိန်းမကိုမောင်လို့ခေါ်တာလား။"

"ဒါက ဟို သူ့နာမည်က အတ္တမောင်တဲ့ အဲ့ဒါကြောင့်ပါ"

ကြာညို့မှာညီမငယ်မေးသမျှရှက်ကိုးရှက်ကန်းဖြေနေရသည်။
နောက်တစ်နေ့ ကြာညို ဆိုင်ဖွင့်ပြီးမကြာ။သူရောက်လာပြန်သည်။

"ခဏခဏလာနေတော့တာပဲ။"

တစ်ယောက်ထဲရေရွတ်ရင်း ပန်းတွေကိုနှီးဖြင့်စည်းနေလိုက်သည်။

"ဟိတ်။"

"အလုပ် မသွားဘူးလားဟင်။"

"စက်ရုံက စာရင်းက တစ်ချက်တစ်ချက်ပဲစစ်ရတာကြာညိုရဲ့။ အချိန်ပြည့်မဟုတ်တော့ မောင်အားတာပေါ့။"

ရုတ်တရပ်ကြာညို့လက်များရပ်တန့်သွားသည်။

"စက်လှေဖိုးတော့နေ့တိုင်းကုန်မှာပဲနော်။"

အင်းရေပြင်ကမောင့်ကြာညိုWo Geschichten leben. Entdecke jetzt