မနက်ခင်း၏အစ၌မောင်ဟာသူ့ဘေးနားမှာမရှိ။အေးစက်နေသည့် လေထုကြောင့် ညောင်းကိုက်စွာပဲနိုးထလာခဲ့သည်။
တဆက်ထဲ အောက်ထပ်က ဒေါ်လေးနှင့်ညီမငယ်၏အသံဟာအတိုင်းသားကြားနေရသည်။ထုံးစံအတိုင်းရန်ဖြစ်နေတာဖြစ်ရမည်။
မျက်နှာအမြန်သစ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သော် မောင်သည်လည်းမရှိ။
"ဒေါ်လေး မောင်ဘယ်သွားလဲဟင်။"
"ဟယ် မသိလိုက်ဘူး ဒေါ်လေးနိုးကတည်းကမတွေ့တာလေ အပေါ်မှာမရှိဘူးလား။"
"မရှိဘူးရယ်။"
"ဪ ဒင်းကတော့မပြောမဆိုနဲ့ ဟဲ့!ချထား ချထားလိုက်စမ်း။"
"နင်ရှိသရွေ့ငါကအမဲသားငတ်မှာပဲ ငါလည်း သွေးအားနည်းတတ်တယ်ဟဲ့"
"ကြီးရော်ရီးက ယဲ ဒါရေးဆား တာရို။"
ပလို့ပလောင်းကြီးဖြင့် အမဲသားအစိမ်းကို ထိုင်စားနေပြန်သည်။ချက်ပြီးရင်လည်းမကြိုက်။အသားစိမ်းကိုမှစားချင်နေသည်။
"မနက်စောစောစီးစီး အန်မိတော့မှာပဲ မြန်မြန်စားစမ်းပါဟယ်။"
"ကြာညိုဘာကူရမလဲဒေါ်လေး။"
ကြာညိုဟာသူ့ညီမကိုပြောလျှင်နည်းနည်းမှမကြိုက် သို့သော်ထုတ်လည်းမပြော။ဒါဟာသူ့အိမ်သူ့ယာမဟုတ်သည့်အတွက်အလိုက်အထိုက်သာနေရမည်။အခုလည်း ကြာဖြူ့ကိုပြောနေသောကြောင့် သူကအလုပ်ကူရန်ဆုံးဖြတ်ထားပုံ။
"ရတယ် ရတယ် သမီးဘာသာနားနားနေနေ နေ ဒါတွေဒေါ်လေးလုပ်နေကြ အဲ့ဟာလေး စားပြီးရင်သာ ကြမ်းပြင်ကိုနည်းနည်း သုတ်ပေးသမီး။"
"ဟုတ်ကဲ့ဒေါ်လေး။"
"ညီမငယ်။ပေအောင်မစားရဘူးနော် ဒါကအစ်မတို့အိမ်မဟုတ်ဘူး။"
"သွီးပါရယ် အမကဝဲ။"
ပြောလည်းမထူးသည်မလို့ အနားကသာထိုင်စောင့်နေလိုက်သည်။
"မောင့်ကြာညို နိုးနေတာလား။"
မောင်ဟာ သန့်သန့်ပြန့်ပြန့်နှင့် ဘယ်ကပြန်လာသည်မသိ။ရေပုလင်းကပါသေးသည်။
"မောင်ဘယ်သွားနေတာလဲ။"
"ဘုန်းဘုန်းဆီမှာ ပုရိတ်ရေသွားယူတာ အိမ်ကဟာက ကြာနေတော့ မတိုးမှာစိုးလို့လေမောင်မနက်စာပါတစ်ခါထဲဝယ်ခဲ့တယ်နော် ဒါလေးပြင်ပေး။"
ANDA SEDANG MEMBACA
အင်းရေပြင်ကမောင့်ကြာညို
Cintaဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
