"ဒါကဘယ်လဲ ညီမလေး။"
"သွားစရာရှိလို့။"
စိတ်ပျက်စွာဖြေလာသည့်ညီမငယ်စကားကိုလျစ်လျူရှုကာ...
"မသွားရဘူး ဒီကနေ့ကျောင်းလည်းပိတ်တယ် အစ်မကိုကူရမယ်။"
"မကူနိုင်ပါဘူး!သွားစရာရှိတယ်လို့ပြောပြီးသားပဲလေ အစ်မဘာလို့လိုက်ချုပ်ခြယ်နေတာလဲ။"
"ကြာဖြူ ညီမလေးအစ်မစကားကိုနားမထောင်ဘူးဆို ဦးကြီးကိုလာခေါ်ခိုင်းလိုက်တော့မယ်။"
"အစ်မဟာလေ သိပ်စိတ်ပျက်ဖို့ကောင်းတယ်"
ခြေကိုဆောင့်ကာဖြင့် ဝါးတံခါးလေးအားဆောင့်၍ပိတ်သွားသည့်ညီမငယ်ကြောင့်ကြာညို ရင်မောရပြန်သည်။ဦးကြီးပြောသလိုပဲ အလိုလိုက်လို့ ဆိုးနေတာများလား။
"စိတ်ပျက်လိုက်တာ သူကဖြင့် အဝတ်တောင် ကောင်းကောင်းမဆင်နိုင်ပဲ ချုပ်ခြယ်ချင်သေး။"
တစ်ယောက်စာလှေကလေးကိုအကြမ်းပတမ်းလှော်ကာအင်းကြီးဘက်သို့ထွက်လာလိုက်သည်။နှုတ်မှလည်း ဗျစ်တောက်ဗျစ်တောက်ပြောနေသူမှာကြာဖြူမှ ဟုတ်ပါရဲ့လား။
"ကိုကိုကြီးရေ..."
"ကိုကိုကြီး"
"ကိုကိုကြီးကဒီဘက်မှာကလေးရဲ့။"
အသံလာရာဘက်သို့ သွားလိုက်သည့်အခါ ကုလားထိုင်ပေါ်အနားယူနေသည့်ကိုကိုကြီးကိုတွေ့သည်။အနားမှာတော့ အရက်ခွက်ကမပါမဖြစ်။
"ဟွန့်... အဲ့ဒါတွေသောက်နေပြန်ပြီ။"
"ဪ..ကလေးရယ် ကိုကိုကြီးက ကြိုက်တာကိုးလို့ ဒါပေမယ့်လေ ဟောဒီက ကလေးကိုပိုကြိုက်တာ အဟားဟားဟား။"
"ကိုကိုကြီးနော် "
"ကိုကိုကြီးမနေပါနဲ့ကွာ လာပါဦးအနားကို။"
လက်နှစ်ဖက်ဆန့်တန်းပြသည့်ကိုကိုကြီးအနားသွားလိုက်သောအခါ အရက်နံ့ကထောင်းခနဲ သို့သော်ကြာဖြူမမု ချမ်းချမ်းသာသာနေရဖို့ဆိုဒီလူကြီးကိုကပ်ထားနိုင်မှတော်ရာကျမည်။
"ဟွန့် ...အရမ်းမဖက်ပါနဲ့ဆို အဖြူ့အသားတွေနာကုန်မယ်"
"ဒါကတော့ဒီလူကြီးကချစ်လို့ပါကွာ။"
VOCÊ ESTÁ LENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
