အပိုင်း(၂၆)

19.6K 1.1K 260
                                        

ညတစ်ညကို မ‌တည့်အတူဖြင့်သာဖြတ်သန်းလိုက်ရသည်။နောက်တစ်နေ့သည်လည်းမထူးဆန်းပါပဲ ညအတွက်တိုင်ပင်ရင်းသာ ။လေးယောက်သားခေါင်းချင်းဆိုင်လျက် တတွတ်တွတ်ပြောနေပါလျှက်အကြံကား ဒုံရင်းက ဒုံရင်းပင်ဘာမှထူးမလာ။

အချိန်ဟာ‌တရွေ့ရွေ့ကုန်လျက်။နာရီလက်တံဟာ ညရှစ်နာရီသို့ညွှန်ပြချိန်မှာတော့ လူသုံးယောက်၊ဝိဉာဉ်တစ်ယောက် ပါသည့်ကားကလေးဟာ တရွေ့ရွေ့ဖြင့်အင်းရေပြင်သို့ထွက်ခွါခဲ့သည်။

"လှေကဘယ်သူလှော်မှာလဲ။"

"မောင်နဲ့ကြာညိုပေါ့ ဒေါ်လေးရယ်။"

ညနေခင်းက ကြာညို့လှေကလေးကိုသွားယူပြီးချုံအကွယ်ထဲထိုးထားခဲ့တာမှန်သွားသည်။

မပေါ့တပေါ့လှေကလေးဟာ ညမှောင်မှောင်မှာတိတ်ဆိတ်စွာရွေ့လျားနေသည်။အင်းသူဌေး၏ ပိုင်နက်ဟာ အခြားအင်းတွေလို ပိုက်ကွန် ဖြင့်စည်းမခြားထား ပဲ အလွတ်အတိုင်းသာ။

အစောင့်တစ်ယောက်တလေတောင်မချထားပါပဲ အရာရာဟာအမှောင်အတိကျနေသည်။

"အင်းကလည်းအစောင့်တောင်မရှိဘူး။"

"နည်းနည်းအထဲဝင်ရဦးမယ် သူဒီမှာနေတာမဟုတ်ဘူး။"

ညမှောင်မှောင်မှာ ကြာဖြူ၏အသံဟာ ကြောက်စရာဖြစ်နေသည်။အင်းသူဌေးထံသို့သူတစ်ခေါက်သာရောက်ဖူးသဖြင့် ဘယ်နေရာဘာရှိသလဲ ကြာဖြူသာသိမည်။

"အထဲက ဟိုးထိပ်အဆုံးထိလား။"

အင်းပိုင်နက်ထဲရောက်သည်နှင့်ကြာဖြူဟာတဖြေးဖြေးစကားနည်းလာသည်။အတိတ်အကြောင်းပြန်တွေးမိပုံပါပဲ။

"အာဝူး.........ဝူးး။"

"ကျက်သတုံးတွေပါလား ဒီလောက်ရေပတ်လည်ဝိုင်းနေတာတောင် အူနိုင်သေးတယ်အသံအောင်လိုက်ပုံများ။"

"ဘယ်မိမဆုံးမ ဖမဆုံးမခွေးတွေလဲ။"

"တိတ်တိတ်နေပါဒေါ်လေးရာ လူမိကုန်မယ်။"

သူ့အသံဟာအနည်းငယ်မြှင့်သွားသဖြင့် ဒေါ်လေးဟာငိုချင်သယောင်ယောင်ဖြစ်လာသည်သို့သော်မငို။

"ရည်းစားမရှိတော့ နှိမ်ပေါ့ဟယ် ငါ့မှာ အားကိုးစရာမှမရှိတာ။"

အင်းရေပြင်ကမောင့်ကြာညိုOnde histórias criam vida. Descubra agora