အပိုင်း(၁၂)

21.9K 1.3K 203
                                        

"ကဲ ပါးစပ်လေးဟ။"

"ရှင် ဟရမှာလား။"

"မဟရင်မောင်ဘယ်လိုခွံ့ရမလဲ ကြာညိုကနေမှမကောင်းတာကိုနော်...ကဲပါးစပ်လေးကဟ။"

"ဟုတ်။"

မပွင့်တပွင့်ဖွင့်ဟလာသောနှုတ်ခမ်းပါးအကြား မုန့်ဟင်းခါးတစ်ဇွန်းခွံ့ထည့်ပေးလိုက်သည်။

"ကောင်းလား။"

"ကောင်းတယ် ဟိုမုန့်တီလိုပဲနော်။"

"အင်းပေါ့ကြာညိုရဲ့ ဒါကငှက်ပျောဥများများအရည်ကျဲကျဲလေ ကြာညိုကြိုက်ရဲ့လား။"

"ကြိုက်တယ်မောင် ကြာညိုနေကောင်းရင်ဒေါ်လေးကို သင်ခိုင်းမယ်နော်။"

နှုတ်ခမ်းရဲရဲကလေးနှင့် အဖျားတက်နေသော်ညားမုန့်ဟင်းခါးတစ်ပန်းကန်တော့ကုန်သွားရှာသည်။ကြာညို့ကိုဆေးတိုက်ပြီး သူလည်းစာရင်းစစ်ရသည်။

ဒီကနေ့တော့ ကြာညို့အိမ်ကိုသွားဖြစ်တော့မည်မဟုတ်။

~မိုးအုံ့လို့သစ်ရွက်ကလေးတွေငြိမ်နေရင်~

"ဟယ်လို။"

"ဟယ်လို။"

"ကျစ်!"

ဖုန်းခေါ်ပြီးအသံမလာသည်မလို့ စုတ်သပ်လိုက်ရင်း ချဟန်ပြင်လိုက်သည်။

"ဟယ်လို အစ်မရှိလား။"

"ဘယ်သူလဲ။"

"အဖြူပါ။"

ဖုန်းထဲမှကြာဖြူဆိုသည့်အတွက်ကြောင့်သူအနည်းငယ် ကြောင်အသွားသည်။

"ဖုန်းနံပါတ်ကိုဘယ်ရတာလဲ။"

"ကိုကိုကြီးကိုရှာခိုင်းလိုက်တာလေ အဖြူ့အတွက်မခက်ခဲပါဘူး။"

"ဘာကိစ္စလဲ ကြာညိုအိပ်နေတယ်။"

"အဆင်ပြေရင်ပြီးတာပဲ အခုဖုန်းဆက်တာကလည်းနောက် အဖြူ့ကိုမနှောင့်ယှက်ဖို့ပြောမလို့ အားနာတတ်ကြရင် ကိုယ့်စည်းနဲ့ကိုယ်နေပါ။"

"နင်ပြောမှာဒါပဲလား။"

"ဒါပဲလေ ဒါနဲ့ ရှင်ကမိန်းမနောက်ပိုးလား အဖြူ့အစ်မကမအူမလည်လေးနော် ကြည့်လုပ်။"

ကြာဖြူ့စကားဟာသူ့သည်းခံနိုင်စွမ်းကိုကုန်အောင်လုပ်ပစ်ခဲ့သည်။

အင်းရေပြင်ကမောင့်ကြာညိုTahanan ng mga kuwento. Tumuklas ngayon