အေးစက်စက်ကြမ်းပြင်ကြောင့် ချမ်းသထက်ချမ်းလာခဲ့သည်။ စောင်ဟာလည်းဘယ်ဆီနေမှန်းမသိ။မနက်ခင်းကတော့ရောင်နီလာလုပြီ။သူ့ဘေးတစ်ဖက်ကကြာညိုဟာ ခပ်ကွေးကွေးကလေးအိပ်နေဆဲပင်။
ကြောင်တောင်တောင်နှင့်ထထိုင်ကာ ခြေရင်းရှိစောင်အားကြာညို့ကိုယ်ပေါ်လွှမ်းခြုံပေးလိုက်သည်။
"ဖျားသွားရင်ဒုက္ခ။"
အနည်းငယ်အကြောဆန့်၍ အခန်းပြင်ကိုထွက်ကာ ပတ်ကြည့်မိသည်။ညက ဒီအပြင်ကိုထွက်သွားတာပဲ။လူမနေတာကြာပြီမလို့ဘုရားစင်ဟာလည်း ဖုန်တလူလူနှင့်။
"မနေ့က အရင်ဆုံးရှင်းခဲ့လိုက်ရမှာ။"
စိတ်ကမသိုးမသန့်ဖြစ်လာသည်မလို့ အိပ်နေသည့်ကြာညို့အနား သွားထိုင်ကြည့်နေလိုက်သည်။ဘယ်လောက်မျှပင်မကြာလိုက်။ အိပ်နေသူဟာလှုပ်လှုပ်ရှားရှားဖြစ်လာပြန်သည်။
လှဲနေရာမှ ပလက်ကလေးဖြစ်သွားသည်မလို့ တစ်ချက်ပြုံးမိသွားသည်။
"အိပ်နေရင်ဘာကိုမှမသိပါလား။"
"ကြာညို....ကြာညိုထတော့ ကြာညိုလေး.......ထတော့လေ ပြန်မယ်ဆို အိပ်ပုတ်။"
အနည်းငယ်လှုပ်နှိုးကာမှမျက်လုံးက တန်းပွင့်လာသည်။
"ဟင် အင်း ပြန် ပြန်လို့ရပြီလား။"
"ရပြီလေ နေထွက်တော့မယ် ထ မောင် စောင်တွေခေါက်ထားမယ် မျက်နှာသွားသစ်ဦး။"
"မောင်။"
"ဟမ် ပြန်မယ်လေခဏနေ"
"လိုက်ခဲ့ပါလားဟင် မျက်နှာကအတူသစ်လည်းရတာပဲ.....နော် မောင်"
မျက်နှာငယ်လေးလုပ်ကာ အနားမှာငုပ်တုပ်ကလေးထိုင်နေသည်မလို့ ခေါင်းအသာအယာညိတ်ပြလိုက်သည်။
"စောင်ခေါက်ဦးမယ်နော်။"
စောင်အပါးတစ်ထည်အားခပ်မြန်မြန်ခေါက်ကာ အိတ်ထဲထည့်ရသည်။ခေါင်းအုံးကတော့ အိမ်ကဟာတွေမလို့ သိမ်းစရာမလို။သွားတိုက်တံအသစ်နှစ်ချောင်းကိုထုတ်ကာ ကြာညိုနှင့်အတူမျက်နှာသစ်ရန်ပြင်သည်။
"နေဦး မောင့်ဘက်လှည့်စမ်း။"
"ဟင်"
"ဒါက..."
ВЫ ЧИТАЕТЕ
အင်းရေပြင်ကမောင့်ကြာညို
Любовные романыဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
