"အားလုံးနေခဲ့ကြ အဖြူသွားမယ် သေပြီးတဲ့လူက ထပ်သေလို့မှမရတော့တာပဲ ဒီမှာပဲနေခဲ့ကြ။"
ကြာဖြူဟာ အရမ်းကိုယုံကြည်မှုပြည့်နှက်နေသည့်မျက်နှာထားဖြင့်ပြောလာသည့်အခါဘယ်သူမှမငြင်းသာ။
"အေး ဒီတစ်ခါတော့ ငါတို့ကလေးလေးကိုအားကိုးလိုက်ရအောင်။"
"ဘာလဲ ခုနကမှ ပြောထားဆိုထားတာသူမဟုတ်တဲ့အတိုင်းပဲ။"
"နင့်အပေါက်ပိတ်ထား။"
ကြာဖြူဟာ ခပ်သုတ်သုတ်ပင်အမှောင်ရိပ်ထဲပျောက်ကွယ်သွားသည်။ကျန်လူသုံးယောက်မှာတော့ ကျောချင်းကပ်လျက်ပင်။
"မောင် ညီမငယ် အဆင်ပြေပါ့မလား။"
"သူကသရဲပဲကို နောက်တစ်ကြိမ်တော့မသေလောက်ပါဘူး"
"သေတယ်လို့မသုံးပါနဲ့ မောင်ရယ်။"
"အာ အင်း မောင်မေ့သွားတယ်။"
သုံးယောက်သားတတွတ်တတွတ်စကားများရာမှကြာဖြူသည်အခုထိပြန်မလာ။
"ဟဲ့ အဲ့သရဲကို ကြာဖြူကမျက်ခွက်တွေဘာ တွေပိတ်ထိုးနေတာများလား သူကအစိမ်းသေဆိုတော့ဟုတ်ရင်ဟုတ်မှာ
ဒါပေမယ့် ဟိုဘက်ကလည်းနော် နှစ်ချို့နေပြီအမွှေးတွေနဲ့။"
"ဒေါ်လေးက စိတ်ပူတာရောဟုတ်ရဲ့လား အောင်လပွဲနဲ့မှားနေသလိုပဲ။"
ဒေါ်လေး၏မျက်စောင်းဟာသူ့ဆီဒိုင်းခနဲ။အလင်းရောင်ဆိုလို့မှိန်ပြပြဓာတ်မီးကလေးသာရှိသည့်သူတို့။ရပ်နေသည်မှာ အတော်ကြာလာသည်။အချိန်အားဖြင့် ညဆယ့်တစ်နာရီ။ကြာဖြူသည်အခုထိပြန်မလာသေး။
"သိပ်တော့မဟုတ်ဘူး ကြာဖြူ့ကိုသွားရှာကြည့်မလား။"
"ဘာလို့ရှာမှာလဲ ကြာဖြူက အပေါ်စီးကချရင်ချနေမှာ။"
"အားးးးးးသရဲ သရဲ။"
အမှောင်ရိပ်ထဲမှ အရိပ်တစ်ခု သူတို့ဘက်သို့ပြေးလာဟန်။သေချာပေါက်ကြာဖြူပါပဲ။ကြာဖြူ့အနောက်တွင်တော့ ခုနက မျက်လုံးနီနီနှင့် နာနာဘာဝဟာ တဟုန်ထိုးပြေးလိုက်လာခဲ့သည်။
"ဒီဟာမကတော့ သရဲပါအပါခေါ်လာတာဟေ့ ပြေးဟေ့ ပြေးကြတော့။"
ဆန့်ကျင်ဘက်အား ဦးတည်လျက်လာရာလမ်းအတိုင်းပြန်ပြေးခဲ့သလို နောက်မှာလည်း မျက်လုံးနီနီကြီးဟာ ထပ်ကြပ်မကွာလိုက်စမြဲပင်။
BẠN ĐANG ĐỌC
အင်းရေပြင်ကမောင့်ကြာညို
Lãng mạnဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
