ညနေခြောက်နာရီ မှောင်ရီပျိုးကာစ၊ မိုးကခပ်အုံ့အုံ့။အေးစက်စက်လေညှင်းကတိုက်ခတ်လို့နေသည်။အတ္တမောင်တစ်ယောက်ကြာညို့ဆီမှပြန်လာပြီးကတည်းက ကနာမငြိမ်ဖြစ်နေသည်။သူကြာညို့ကိုလွမ်းလှသည်။
အိမ်ပြတင်းပေါက်အနား ခပ်တွေတွေထိုင်မှိုင်နေရင်း မျက်လုံးကအခန်းထောင့်မှဂစ်တာဆီကိုအကြည့်ရောက်သွားသည်။
သူမတီးတာကြာလို့ဖုန်တက်နေပြီဖြစ်သော
ဂစ်တာအား အနည်းငယ်ဖုန်သုတ်ပြီး ကြိုးညှိလိုက်သည်။
"ကျွီ......"
ဂစ်တာကလေးအားအလိုက်သင့်ကြိုးညှိလှုပ်ရှား၍သံစဉ်အလိုက်တီးမိသည်။
"မိုးအုံ့လို့သစ်ရွက်ကလေးတွေငြိမ်နေရင်...
တိမ်တွေပြိုတော့မှာ ကြိုသိတယ် ကြာညိုရယ် သိပ်သတိရမိတယ်"
"ပုန်းညက်တို့ရောက်ရှိကြောင်းကိုကြေငြာကာ......ငွေမှုန်ငွေစတွေရွာတော့ကွယ်.....
ကြာညိုရယ်သိပ်သတိရမိတယ်"
"တိုင်းရှစ်ခွင်မှိုင်းညို့စိုင်းကာမှောင်ရီခြယ်....မိုးခြိမ်းသံတသဲ့သဲ့ကြားတယ်ကြာညိုရယ်။မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်...လွမ်းတယ် .....ကြာညိုရယ်"
သူ့သီချင်းသံအဆုံးမှာအိမ်အပေါ်ထပ်သို့တက်လာသည့် ဒေါ်လေးခြေသံအားကြားရသည်။
"သီချင်းသံကြားလို့အကောင်းမှတ်တယ် ဒင်းကကြာညို့ကို စောင်းဆိုနေတာကိုး။"
"စောင်းမဆိုပါဘူးဒေါ်လေးရယ်...အရှိကိုအရှိတိုင်းပဲဆိုတာ။"
ဒေါ်လေးကသူ့အနားလာထိုင်သဖြင့်အလိုက်တသိဂစ်တာကိုချကာဒေါ်လေးဘက်လှည့်ထိုင်လိုက်သည်။
"ကြာညိုဆိုလို့ ငါသူ့ညီမလေးကို ကြည့်မရဘူး လူကြီးကိုလူကြီးမှန်းမသိ။"
"ကြာဖြူကသူ့အစ်မအလိုလိုက်လို့ဆိုးနေတာ ဒေါ်လေးလည်းလူကြီးပဲ အခွင့်သင့်ရင်ဆုံးမပေါ့ ကလေးနဲ့ရန်ဖက်ဖြစ်ဖို့စိတ်မကူးနဲ့နော်။"
သူ့စကားကြောင့်ဒေါ်လေးဟာ ကနာမငြိမ်ဖြစ်ကာ ဇတ်ကိုဖျောင်း ခနဲမြည်အောင်ရိုက်ချလိုက်သည် ။
"အား! ဘာလို့ရိုက်တာလဲ။"
"အဲ့ဟာလေးကလူကြီးကိုလူကြီးမှန်းမသိတာလေ သူ့ကိုဆုံးမမဲ့အစား မျောက်ကိုသာဖင်ကနာငြိမ်အောင်သွားဆုံးမလိုက်မယ်။"
ESTÁS LEYENDO
အင်းရေပြင်ကမောင့်ကြာညို
Romanceဒူးအထက်ကထမီတိုတို ....ခေါက်ဓါးကလေး တချောင်းကိုကိုင်လျက်......ကြာပန်းတစည်းရင်မှာပွေ့ကာ လှော်တက်ကိုသူယူတယ်။ လှေကလေးရယ်အားချင်းမမျှ ရေစုန်ကိုအန်တု၍ မိန်းမသားတယောက်လှော်ကာရယ်။
