Part. 5ကြာပန်းသဏ္ဍာန်ရှိနေတဲ့ အဆောင်တော်လေးရှေ့မှာ လူတွေဆိုတာ မြင်လို့တောင်မကောင်း။
အမတော်က ဝေ့ရင်းရှိရာသို့ ဖြည်းအေးစွာလျှောက်လာပြီး..။
"ရင်းလေး အမတော်ကိုလေ"
"အမတော် ရင်းလေးပင်ပန်းလာလို့ပါနော် နောက်မှပေါ့"
"ဟယ် သွေးတွေ သမားတော်ခေါ်ကြစမ်း"
"အရှင် ကျွန်တော့်ကိုတွဲပါ"
ကမ်းပေးလာသောစစ်ကျွေးလက်ကိုကိုင်မည်အပြု....။
"ကိုယ်တော် တွဲသွားလိုက်မယ်"
"မလိုပါဘူး ဖယ်။ စစ်ကျွေး လာ"
သို့သော် လန်ကျန့်၏ရင်ခွင်ထဲမှာ ဝေ့ရင်းတယောက် ယက်ကန်ယက်ကန်နဲ့ ပါသွားတော့၏။
အဆောင်တော်ထဲရောက်တဲ့အထိ ဘာတစ်ခွန်းမှမပြောမိကြ။
အတန်ကြာတော့မှ စကားစလာသူက အရှင်.....။
"မင်း ဘယ်တွေလျှောက်သွားနေတာလဲ"
"အားလုံးပြန်သွားကြပြီပဲ ခွင့်ပြုပါဦး။ အဆောင်တော်ပြန်လိုက်ပါ့မယ်"
ထရပ်လိုက်တော့ ခြေဖဝါးကနာကျင်မှုက အတိုင်းမသိ။
ယိုင်သွားတာမို့ ကိုင်စရာရှာသော်လည်းမတွေ့တာမို့ ကြမ်းပြင်ပေါ်ပစ်စလတ်ခတ်လဲပြီအထင်နဲ့ မျက်စိစုံမှိတ်ထားလိုက်၏။
သို့သော် သူတကယ်ရောက်သွားခဲ့တာက နွေးထွေးကျယ်ပြန့်သောရင်ခွင်ကျယ်ကြီးထဲသို့။
"တောင်းပန်ပါတယ် အရှင်"
ရုန်းသော်လည်းမရတာမို့ မော့ကြည့်မိတော့ သူ့နဖူးလေးနွေးသွား၏။
"အ အရှင် လူမှားနေပြီ"
"မမှားဘူး ။ ဒါ ကိုယ်တော်လက်ဆက်ထားတဲ့ကြင်ယာတော်"
ကြင်ယာတော်တဲ့လား...ရင်ထဲကိုနွေသွားတာပဲ။
ဟင့်အင်း..အမတော်ဘက်ကိုကြည့်ရဦးမယ်လေ။"ကိုယ်တော့်ကိုကြည့်"
ငုံ့ကိုင်းထားဆဲ မျက်နှာလှလှလေးကို ညင်သာစွာကိုင်ကာ မေးဖျားလေးကိုအသာပင့်မော့လိုက်ပြီး...။
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI