MLML 1

2.1K 72 4
                                    

Part. 1

ကျန်းတိုင်းပြည်မှာ ယခင်ကတည်းကသာယာဝပြောစည်ပင်သောတိုင်းပြည်ငယ်လေးတစ်ခု။

ကျန်းဘုရင် ကျန်းဖုန်းမြင့်မှာလည်း ပြည်သူတွေပေါ်မှာ တရားမျှတစွာအုပ်ချုပ်ပေး၏။

မင်းနှင့်အမတ် မင်းနှင့်ပြည်သူကြားတွင် မည်သို့သောတံတိုင်းမျှမရှိစေရဟူသော ရှေးမင်းဆက်တွေကတည်းကထားရှိခဲ့သော ဥပဒေတစ်ရပ်ဟာ ယနေ့ထိလည်းအကျုံးဝင်ဆဲ။

ဘုရင်ကြီးကျန်းဖုန်းမြင့်မှာ သမီးတော်တစ်ပါး သားတော်နှစ်ပါးရှိ၏။

အကြီးဆုံးသမီးတော် ကျန်းယန်လီမှာတည်ငြိမ်ကာအနေအေးပြီး လှပချောမောသောမင်းသမီးတစ်ပါးဖြစ်ပါ၏....။

ဒုတိယသားတော် ကျန်းချန်မှာလည်းဘုရင့်သားတော်ပီပီဩဇာအာဏာကြီးမား၏။

တတိယသားတော်လည်းဖြစ် အငယ်ဆုံးလည်းဖြစ်တဲ့ ကျန်းဝေ့ရင်းကတော့ဘယ်သူနဲ့မှမတူပဲကွဲပြားနေ၏...။

သို့ပေမယ့် မြင်သူတကာငေးရလောက်တဲ့ထိကို လှပပြီးချစ်စရာကောင်းလှသည်။

ဝေ့ရင်းဆိုသောမင်းသားအငယ်ဆုံးလေးကတော့ ဘာကိုမှမက်မောတယ်လို့မရှိ။

မင်းသားအဖြစ်အပ်နှင်းပွဲမှာတောင် နန်းတော်ထဲကခိုးထွက်ပြီးလည်နေလို့ အပြစ်ပေးခံရလည်းမမှတ်။

အမတော်ကျန်းယန်လီကဲ့သို့လှပသော်လည်း သူမထက်ပိုပြီးပြာကလက်စိန်၏။ အကိုတော်ကျန်းချန်နဲ့တူတာဆိုလို့ ဆံပင်ထုံးဖွဲ့ထားတဲ့နေရာပဲရှိတာ။

သို့သော် နန်းတော်တစ်ခုလုံးရဲ့ အချစ်ကိုပိုင်ဆိုင်ထားရတာလည်း ကျန်းဝေ့ရင်းသာလျှင်။

တစ်ခါကလည်း ဖခမည်းတော်ပွဲတော်တည်မယ့်အထဲမှာအရသာပိုရှိအောင်ဆို၍ ဟင်းခတ်အမွှေးအကြိုင်ကိုအကုန်ထည့်ကာပို့ပေးလိုက်သည်။

ကျန်းဖုန်းမြင့်ဆိုသည်မှာ ကျန်တာသည်းခံတတ်ပေမယ့်အစားအသောက်နှင့်ပတ်သတ်လာရင်တော့လည်းမရပါချေ။

ဝေ့ရင်းလေးဆို ထိုအချိန်တုန်းကမင်းသားရာထူးမှ ခဏဆင်းရသည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now