17"အရှင်"
လန်ကျန့်ညီလာခံလုပ်နေဆဲ အပြင်ဘက်မှဆူညံသံတွေကြောင့် အထိန်းတော်ဝမ်ကိုသွားကြည့်ခိုင်းမည်အပြု အရှင် ဆိုသောအသံနှင့်အတူ အပြေးလေးဝင်လာသောကြင်ယာတော်လေး...။
ဘာများဖြစ်လာရပြန်ပြီလဲ...။
ဝေ့ရင်းဆိုတာကတော့ အရှင့်တယောက်ကိုသာကွက်မြင်ပြီး ဘေးကအမတ်တွေကိုမမြင်ရှာပါလေ.....။
အမတ်ကြီးတွေအတွက်မျက်ရည်နှစ်စက်!
ပလ္လင်တော်ပေါ်သို့ ကော့တော့ကော့တော့နှင့်တက်သွားကာ အရှင်လန်ကျန့်ရင်ခွင်ထဲတိုးဝင်၏။
အရှင်လန်ကျန့်ဟာလည်း အမျက်တော်ထွက်နေမည်လို့မတွေးလိုက်ပါနဲ့!
အစဉ်ခက်ထန်နေသောမျက်နှာတော်က ခုများတော့ခြားနားလို့နေ၏...။
လန်ကျန့်လက်တချက်ဝှေ့လိုက်တော့ ဘယ်သူမှမရှိတော့ပေ။
"အရှင်"
ရင်ခွင်ထဲက မော့လာကာကြည့်နေတဲ့မျက်ဝန်းတွေက အရောင်လဲ့ကြည်တောက်ပလွန်းနေသည်..။
"အရမ်းချစ်တယ်" ဟု
ဆိုလာကာသူ့လည်တိုင်ကိုဆွဲယူ၍အငမ်းမရနမ်းနေသော
ကြင်ယာတော်လေး.....။ဒါဟာပထမဆုံးပဲ။
ကြင်ယာတော်ဘက်ကစတင်တဲ့ ပထမဆုံးအနမ်း...!ချိုမြိန်ပြင်းရှတဲ့ အနမ်းကြမ်းကြမ်းတွေကိုပေးလာနေတဲ့အတွက် ဘာတွေဖြစ်လာပြန်ပြီလဲတော့မသိ။
လန်ကျန့်...မေးချင်ပေမယ့်အနမ်းတို့ပြတ်လပ်မှာကိုမလိုလား!
ကြင်ယာတော်ကိုယ်တိုင် သူ့ကိုယ်ပေါ်မှအဖြူရောင်ခါးစည်းကြိုးကိုဖြည်ကာ ဝတ်ရုံကိုဖယ်ခွာနေလေတော့ လန်ကျန့်အတွေးတွေကမောက်ကမ။
"ဝေ့ရင်းကိုယူပါ အရှင်"
"အခု အခုလား"
လန်ကျန်တို့တုန်လှုပ်နေရပြီ!
"အခုပဲယူပါ"
"အဲဒါက"
စကားစတို့ပြတ်တောက်ကာ နှုတ်ခမ်းထက်မှပူနွေးသော
ပွတ်တိုက်မှုတစ်ခု။
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI