MLML 26

256 15 0
                                    


26

ကောင်းကင်နန်းတော်သို့ရောက်နေသော မိစ္ဆာသွေးဓာတ်လုံးသည် ပို၍စွမ်းအားကြီးမားလာတော့သည်။

လိဖန်းပင် ယင်းဓာတ်လုံး၏ မိစ္ဆာစွမ်းအားကို ခံနိုင်စွမ်းမရှိပေ။

ဓာတ်လုံးကို ခုနစ်စဉ်ရောင်ခြယ်အလင်းဖြာထွက်နေသော ဖန်ချိုင့်ပုံစံရှည်ရှည်မြောမြောပုံစံခွက်ထဲအထည့် လိဖန်းကလည်း အပြင်သို့တခါတည်းအထွက်လုပ်ရ၏။

ဤဓာတ်လုံးပိုင်ရှင်ကိုယ်တိုင်သည် ယခင်ကသာလိဖန်းဖြစ်ခဲ့ပေမယ့် ယခုချိန်မှာတော့ထိုသို့မဟုတ်တော့။

လန်တိုင်းပြည်၏အရှင်သခင်လန်ကျန့်၏ သွေးသားသန္ဓေသည် စတည်ကတည်းက မိစ္ဆာဓာတ်များပါလာလေသလား။

မိစ္ဆာဖန်လုံးကို လွှမ်းမိုးနိုင်တဲ့အပြင် လိဖန်းထံမှချိတ်ပိတ်ထားသော မိစ္ဆာဓာတ်တစ်ချို့ကိုပါ စုပ်ယူသွားနိုင်သည်။

"ဟူး!!အေးချမ်းနေတဲ့ငါ့ဘဝလေးကိုဘာလို့ဒီတိုင်းမထားချင်ကြရတာလဲကွာ"

"လိဖန်း ထားခဲ့လိုက် ။ ငါတို့စွမ်းအားနဲ့ခဏထိန်းပေးထားမယ် မင်းကသန့်စင်ခြင်းဓာတ်လုံးဖုန်းယွိကိုအမြန်ယူလာခဲ့ပေး ။ ဘယ်ကိုမှသဝေထိုးမနေနဲ့နော် မဟုတ်ရင်တစ်ဝက်ကျန်နေတဲ့စွမ်းအားကိုပါလှမ်းပြီးချိတ်ပိတ်ပစ်မယ်"

"ခြိမ်းခြောက်နေလိုက်ကြပါ"

အဆိုပါ လိဖန်းဆိုသော မိစ္ဆာအကြီးအကဲသည် အသက်မပြည့်သေးပဲ  ယင်းရာထူးကိုရထားခြင်းကြောင့် ရှိသင့်သောရင့်ကျက်မှုတို့ မပြည့်ဝသေးပေ။

ကျင့်ကြံဆင့်တွေကို တလေးတစားလေ့ကျင့်ခြင်းမပြုခဲ့တာမို့စွမ်းအားတချို့ချိတ်ပိတ်ခံရသည်။

ယင်းသို့ချိတ်ပိတ်ခြင်းသည် နတ်ဖုရားလောက၏ ကြီးမားသောပြစ်ဒဏ်စီရင်နည်းတစ်ခု။

နတ်ဖုရားတိုင်းသည် အခြေခံမှစပြီး အမတကျင့်ကြံအဆင့်ထိမိမိကျင့်ကြံနေစဉ်မှာ ကျင့်ကြံမှုအပေါ်စိတ်ရောကိုယ်ပါနစ်မြုပ်ပြီးတစ်သားတည်းဖြစ်နေရမည်။

သွေးမိစ္ဆာဓာတ်စီးဆင်းနေသောဖန်လုံးလေးသည် ဖန်ချိုင့်ထဲမှထွက်လာကာ  ကောင်းကင်နန်း​ေတာ်၏ နေရာအနှံ့ကို လှည့်လည်သွားလာနေသည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now