EXTRA 2မိမိတို့၏အိမ်လေးရှိရာကိုရောက်ပြီးသည်အထိ ဝေ့ရင်းအသိစိတ်တွေက အရှင်ပြောပြသောအကြောင်းအရာတွေ၌သာ ဝိညာဉ်လွင့်နေခဲ့သည်။
အသိစိတ်လွတ်နေသူအား အကြမ်းအရမ်းတွေနမ်းကာ သတိပေးတာဟုပြောလာသောစကားလေးက မဆီလျော်ပေမယ့် သင့်တော်သည်။ အရှင်ဘာလုပ်လုပ်မှန်တယ်၊ အရှင်လုပ်သမျှကအမှန်ဆုံးပဲ လို့ ဝေ့ရင်းစိတ်ထဲကတွေးပေးပြီးသားပင်ဖြစ်သည်။
အိပ်စက်ရာထက်လဲလျောင်းစေပြီး ထူထဲသောခြုံစောင်ကိုခြုံစေသည်။ ခေါင်းအောက်သို့ လက်လျှိုဝင်စေပြီး တဖက်လှည့်ဖြင့်ဖက်ထားပေးသည်။ ဝေ့ရင်းကျောပြင်သည် အရှင်ရင်ခွင်နှင့်ဖိကပ်ထိစပ်နေပြီး အရှင့်နှုတ်ခမ်းထူထူလေးက ဝေ့ရင်းဂုတ်သားအိအိလေးကို လာရောက်ထိခတ်ကျီစယ်နေ၏။
တရှုံ့ရှုံ့နမ်းနေရင်းက တချက်တချက်အားပါသွားလေတော့ ဂုတ်သားဝင်းဝင်းလေးက အနီရောင်အမှတ်အသားတချို့ ထင်ကျန်နေတော့မည်ကမလွဲဧကန်ပင်။
ဝေ့ရင်းကိုအကြွင်းမဲ့ယုံပေးခဲ့သောအရှင့်အား တစ်ကယ်ကိုပဲပြောစရာစကားလုံးတို့ရှာမတွေ့ချေ။
အရှင်ပြောပုံအရသာဆိုလျှင် ဤလောကစောင့်နတ်မောင်နှံက စမ်းသပ်ခိုင်းသည်ပဲထား! ပြည်သူတွေကိုမဟုတ်ပဲ အရှင့်ကိုသာရွေးချယ်ခဲ့မည်ဆိုလျှင်ရော...အဘယ်သို့ဖြစ်လာမည်နည်း။
ကိုယ်ကျိုးအတွက်မကြည့်ခဲ့လို့ပဲ လောကကြီးကဆုချလိုက်လေသလား မတွေးတတ်။
*အမတရှင်သန်သူ*
နားမလည်နိုင်သော ဤစကားစုသည် ချစ်ရသူနှစ်ယောက်အား ရှင်ကွဲ၊သေကွဲ ကို ရွေးချယ်နိုင်သည်၊ ဖန်တီးပေးနိုင်သည်။
အရှင်က မသေမျိုးဖြစ်သောနတ်ဖုရား!
ဝေ့ရင်းက သေမျိုးနွယ်ဖြစ်သော လူသား!
လွယ်လွယ်နဲ့တော့ အမတဟူသောအရာကိုရလာမည်မဟုတ်။ ဤနေရာအတွက်၊ ဤထာဝရရှင်သန်သူဖြစ်လာဖို့ရာတွက် မိမိချစ်ရသူက ဘာတွေကိုများပေးဆပ်ထားပြီးပြီလဲ။"အဆိုးလေး ဒီဖက်ကိုလှည့်လိုက် "
"အရှင် ဝေ့ရင်းကိုအမှန်တိုင်းပြောပါ"
![](https://img.wattpad.com/cover/321308410-288-k35736.jpg)
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanficHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI