MLML 11

433 27 0
                                    


11

လန်တိုင်းပြည်မှာတော့ ကျန်းဝေ့ရင်းဟာ လန်ကျန့်ရဲ့နန်းသွေးကိုလွယ်ထားရပြီဆိုတဲ့သတင်းက တစ်လောကလုံးသို့ပျံ့နှံ့လို့.......။

အမျိုးသားကြင်ယာတော်က ကိုယ်ဝန်ဆောင်နိုင်ခြင်းကိုလည်း အံ့သြနေကြ၏။

ကြင်ယာတော်ဟာ နန်းသွေးကိုမွေးပေးနိုင်မှာဖြစ်တာကြောင့် မိဖုရားခေါင်ကြီးတင်မြှောက်ဖို့ကို အားလုံးကသဘောတူကြ၏။

ဒါတွေအားလုံးကိုမသိသေးသူကတော့ ကြင်ယာတော်လေးတစ်ယောက်တည်းသာ။

အားဆေးရည်ကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နေတာမို့ ချစ်ရသူလေးကိုမနှိုးတော့ပဲ ညီလာခံသွားခဲ့တာဖြစ်၏။

"ကြင်ယာတော်လေးနိုးနေပြီလား"

"မနိုးသေးပါဘူး အရှင်"

အဆောင်တော်ထဲလှမ်းဝင်လိုက်တာနဲ့ ကြာပန်းရနံ့လေးက သင်းပျံ့စွာကြိုဆိုနေ၏။

ကြာပန်းအဆောင်တော်မို့လို့၊ ကြာပန်းတွေရှိနေလို့၊ ကြာပန်းနံ့ထွက်နေတာမဟုတ်ပေ။

ကြင်ယာတော်လေး၏ကိုယ်သင်းနံ့ကိုက ကြာပန်းနံ့လေးသင်းနေတာပင်။

အပေါ်စီးကနေငုံမိုးကြည့်မိတော့.....။

ကြည်စင်နေသောပါးပြင်နုနုအောက်က သွေးကြောစိမ်းလေးတွေကအထင်းသား။

နဖူးပြင်ထက်က ကပိုကရိုဖြစ်နေသောဆံစရှည်တွေကိုအသာဖယ်ကာ ထူအိသောနှုတ်ခမ်းတစ်စုံဖြင့် ဖိကပ်ပေးထားမိသည်။

အနမ်းနွေးနွေး ထွက်သက်ငွေ့ငွေ့ကြောင့် နှိုးထလာစေလိုခြင်း။

ဝေ့ရင်းနဖူးထက်က ဝင်သက်ထွက်သက်ကြောင့် နိုးလာခဲ့ရ၏။

"နိုးပြီလား ကိုယ်တော့်ကြင်ယာတော်လေး။ အားပြည့်ပြီလား"

"အရှင် ဘယ်ကပြန်လာတာလဲ"

အိပ်စုန်မှုန်မွှားဖြင့် နေနဲ့ညမှားနေသူလို ချစ်စရာဟန်ပန်အပြည့်နဲ့ မေးခွန်းကထုတ်တတ်သေးတာ။

"ညီလာခံက​ေလ"

"ဟင် ညီလာခံက ဘယ်အချိန်ရှိသွားပြီလဲဟင်"

MY LOVE MY LORD (COMPLETED)Where stories live. Discover now