Part. 3
ရန်သူဆိုတာနဲ့ မိမိကိုအတင်းဖက်ကာ ခေါင်းလေးပင်ဖွက်ထားသေးသည်။
ကိုယ့်ရင်ဘတ်နဲ့ သူ့ပါးပြင်နုနုလေးကဖိကပ်ထားနေလေတော့ အေးစက်မာကျောနေခဲ့တဲ့နှလုံးသားလေးက ပူနွေးလာခဲ့၏။
ကိုယ်တော့်ကိုရင်ခုန်တတ်အောင်လုပ်တဲ့အတွက် မင်းလေးတာဝန်ယူရမယ်...။
တကယ်တော့ရန်သူမဟုတ်။
လန်ကျန့်၏ကိုယ်ရံတော် ရွှယ်ယမ်။ဒီလူသားကိုရန်ပြုမိမှာစိုးလို့လုပ်မိလုပ်ရာလုပ်လိုက်တာ။
ရွှယ်ယမ်ကိုမျက်ရိပ်ပြကာ ထွက်သွားရန်အချက်ပေးလိုက်၏။"ရှိ ရှိသေးလား"
"ရှိသေးတယ်"
ပိုမိုနစ်ဝင်လာသောကိုယ်လုံးလေးကိုမထိရက်ခဲ့ပါ။
တစ်လောကလုံးရဲ့အရှင်သခင်ဖြစ်သော လန်ကျန့်တစ်ယောက် ချစ်တတ်သွားတာကို အတွင်းခန်းထဲမှာရှိနေတဲ့ ခမည်းတော်ဝမ်ကျောက်ကတော့ သဘောကျလို့နေမိ၏။
အချိန်တိုင်းဖော်ပြသူမရှိပဲရောက်နေတဲ့စာလွှာမှာ ကျန်းတိုင်းပြည်ကိုသတိထား။
ကျန်းတိုင်းပြည်ကအင်အားကြီးအောင်လုပ်ပြီးပုန်ကန်တော့မယ်....။အာ့လိုစာက တစ်နေ့ကိုတစ်စောင်ပါသည်။
အတော်ဆုံးကိုယ်ရံတော်တယောက်ဖြစ်သောရွှယ်ယမ်နှင့် သူတို့သားအဖနှစ်ယောက်တည်း တိတ်တဆိတ်စုံစမ်းရန်လာရောက်ကြခြင်းဖြစ်၏။
စိတ်ရှင်းသွားအောင်ယခုလိုလာရောက်စုံစမ်းတော့မှပဲ သားတော်တွက် အချစ်ကိုပါရှာဖွေပေးမိသလိုပင်။
"ရပြီ မရှိတော့ဘူး"
ထိုတော့မှရင်ခွင်ထဲမှရုန်းထွက်ကာ ရှက်နေသလိုလိုမျက်နှာလေး။
"ဒါ ဒါဆိုခွင့်ပြုပါဦး"
တံခါးဝရောက်မှ ပြန်လှည့်လာကာ...။
"လူကြီးမင်း ကျွန်တော်ပြောတာကိုမမေ့နဲ့နော်။ ကြားတာကိုမယုံပါနဲ့။မြင်တာကိုမယုံပါနဲ့ ။ ကျွန်တော့်စကားကိုပဲယုံ။ ဒီကညီငယ်လေးက အလိမ်အညာစကားဆိုမပြောတတ်တာမို့လို့"

YOU ARE READING
MY LOVE MY LORD (COMPLETED)
FanficHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI