MLML 7

457 29 0
                                    


7

"ကြင်ယာတော်အဆောင်တော်ကိုသွားမယ်"

"အဲ အဲဒါက အ အရှင် ဟို"

"တွန့်ဆုတ်တွန့်ဆုတ်နဲ့ပြတ်ပြတ်သားသားလျှောက်တင်စမ်း"

"ကြင်ယာတော်က ကြာပန်းအဆောင်မှာမရှိကြောင်းပါ အရှင်"

"အခု ဘယ်မှာလဲ "

"လက်ဝဲအမတ်ကြီးနဲ့ရန်ဖြစ် ဟို အချင်းများနေကြပါတယ် အရှင်"

လန်ကျန့်ရေ......ရှင်းစမ်းဟ။

ပထမဆုံးရောက်လာတဲ့နေ့မှာပဲမွှေရလား ကြင်ယာတော်ရယ်။

"ဒီမှာအမတ်ကြီး အမတ်ကြီးဘာသာကြိုက်သလောက်မိန်းမယူနိုင်တယ်။မွေးလာတဲ့သားသမီးကိုတန်ဖိုးထားရမှာပေါ့။ အပျော်မယားရဲ့သားကရော သားသမီးမဟုတ်ဘူးလား။ လူမဟုတ်ဘူးလား။ အစတည်းကတာဝန်မယူချင်ရင် အပျော်မယားထားကိုမထားခဲ့သင့်ဘူး။ဒီအရွယ်ကလေးတွေကသိပ်ကိုနုနယ်လွန်းတယ်။ ခုဆို သူ့စိတ်ထဲမှာဘယ်လောက်များသိမ်ငယ်နေရှာမလဲ ။ ဒီလိုလုပ်လေ အမတ်ကြီးတာဝန်မယူနိုင်ရင် ဝေ့ရင်းမွေးစားမယ်"

"ကြင်ယာတော်ကိုတောင်းပန်ပါတယ်။ ကိုယ်နဲ့မဆိုင်တာကိုဝင်မစွက်ဖက်သင့်ဘူး"

"ခုချက်ချင်း ကြင်ယာတော်ကို ဒူးထောက်တောင်းပန်ပါ အမတ်ကြီး"

"အရှင်"

အားလုံးကမြေပြင်ပေါ်မှာဒူးထောက်ခစားနေကြသော်လည်း ကြင်ယာတော်ကတော့အရှင့်ရင်ခွင်ထဲမှာ..။

"အရှင် ကျွန်တော််မျိုးကိုလျှောက်တင်ခွင့်ပြုပါ"

"ကြင်ယာတော်ပြောတာကိုကြားချင်တယ်။ကိုယ်တော့်ကြင်ယာတော်ကမလီဆယ်တတ်ဘူး။ ကြင်ယာတော် မှန်ရာကိုပြောပါ"

"ဒီလိုပါအရှင်။ ဝေ့ရင်းပျင်းလို့လမ်းလျှောက်ထွက်လာတာ ဒီကလေးငယ်ကိုရိုက်နှက်ကြတယ်၊ စနောက်ကြတယ်၊ အနိုင်ကျင့်နေကြပါတယ် အရှင်။မေးကြည့်တော့ လက်ဝဲအမတ်ကြီးရဲ့ သားတဲ့ ။ ဒါပေမယ့် အပျော်မယားရဲ့သားမို့လို့ တရားဝင်သားမဟုတ်လို့ နှိပ်စက်တယ်လို့ပြောပါတယ်။ အရှင် ဒီအဖြစ်အပျက်မှာဝေ့ရင်းမှားရင်အပြစ်ပေးပါ။ ပြီးတော့ ဝေ့ရင်း ဒီကလေးငယ်လေးကို လိုချင်ပါတယ်အရှင်"

MY LOVE MY LORD (COMPLETED)Where stories live. Discover now