MLML 15

368 22 0
                                    

15

"ဝေ့ရင်း အရှင့်ကိုအာ့လိုမပြောရဘူး သိပ်ရိုင်းတယ်သိရဲ့လား"

ထိုသို့ပြောလာသောခမည်းတော်၏မျက်နှာမှာတည်ကြည်နေလျက်...။

"ခမည်းတော်ပြောတာမှန်တယ် ရင်းလေး နောက်ကိုအဲ့လိုမပြောမိစေနဲ့ ။ အရှင်ကဘယ်လောက်ပဲအလိုလိုက်ပြီးချစ်နေပါစေ မဆိုးရဘူး"

ဝေ့ရင်းကတော့ဘာတခုမှနားမလည်...။
အရင်လည်းသူဒီလိုခေါ်နေကျပဲဟာ...။

"သားတော်ငယ်မသိသေးတာအများကြီးရှိသေးတယ်။ အရှင်လန်ကျန့်ဆိုတာက ဒီတိုင်းပြည်တခုလုံးရဲ့အရှင်တင်မဟုတ်ဘူး ။ တစ်လောကလုံးကိုအုပ်စိုးရတဲ့အရှင် ။ဘယ်လောက်အင်အားကြီးပါတယ်ဆိုတဲ့တိုင်းပြည်တွေတောင်မှ အရှင်လန်ကျန့်ဆိုတာနဲ့ လက်နက်ချပြီးသားပဲ ။ အဲ့လိုဖြစ်အောင်လည်းအရှင်ကစွမ်းတယ် ။ သိုင်းပညာမှာလည်းဘယ်သူမှမယှဉ်နိုင်အောင်ပြိုင်ဘက်ကင်းတယ် ။ ရန်သူပေါင်းသိန်းချီသောင်းချီကိုတစ်ဦးတည်းယှဉ်ပြိုင်နိုင်လို့ နတ်ဘုရားစစ်သည်လို့တောင်သတ်မှတ်ထားကြတာ။ အရှင်လန်ကျန့်ကသားတော်ငယ်ကိုချစ်မြတ်နိုးပေးလို့ဝမ်းသာရပေမယ့် အရှင်အမျက်တော်ရှမှာကိုအချိန်ပြည့်စိုးရိမ်နေတာ"

"သားတော်မှားပါတယ်"

"ဆူတာမဟုတ်ဘူးအငယ်ဆုံးလေး ။သိသင့်တာကိုပြောပြနေတာ!ဆင်ခြင်စရာရှိတာဆင်ခြင်တတ်ဖို့ ။နောက်နှစ်ရက်နေရင်တိုင်းပြည်ရဲ့မိဖုရားခေါင်ကြီးဖြစ်တော့မှာ ။ကလေးဆန်လို့မရတော့ဘူး"

ဝေ့ရင်းမကျေနပ်တော့ဘူး...။
အရှင့်အနားမှာနေနိုင်ဖို့စည်းကမ်းချက်တွေသိပ်များတာပဲ။

"စိတ်ညစ်နေပြီလား ရင်းလေး"

"မယ်တော်"

မယ်တော့်ရင်ခွင်ထဲတိုးဝင်ကာ အကုန်လုံးကိုပတ်ပြီးမျက်စောင်းထိုးနေလိုက်တယ်...။

"မယ်တော် ရင်းလေးကိုဝိုင်းပြောနေကြတယ် ဟင့်"

"ရင်းလေးကိုစိတ်ပူလို့်ပါကွယ် ။ရင်းလေးကစကားနားထောင်နော် ။ ဟောဒီကအဆိုးလေးရဲ့ဗိုက်လေးထဲမှာကိုယ်ပွားလေးရှိနေတယ်လေ ။အရင်လိုသုတ်သီးသုတ်ပျာမသွားလာရဘူး။ ဖြည်းဖြည်းပဲသွား အရှင့်ကိုတအားမဆိုးရဘူး"

MY LOVE MY LORD (COMPLETED)Where stories live. Discover now