MLML 28

246 17 0
                                    


28

ယခင်ကတိတ်ဆိတ်နေခဲ့သော ဧကရာဇ်အဆောင်တော်အတွင်း၌ လူတွေကစည်ကားနေသည်။

သန့်ရှင်းပေးပြီး အဝတ်သစ်တို့ဝတ်ပေးထားသောတစ်ယောက်သောသူသည် ဝေ့ရင်းလက်ကိုကိုင်ကာအိပ်မောကျနေသည်။ ခေါ်လာတဲ့တောက်လျှောက် လက်ကိုလုံးဝအဖြုတ်မခံပဲနေသည်။

အိပ်မောကျနေတာကိုတောင် အဖြုတ်မခံသောလူကြောင့် ဝေ့ရင်းကရေးရေးလေးပြုံးသည်။

သမားတော်ကြီးကသေချာစမ်းသပ်ပြီးထွက်သွားသည်။
အပျိုတော်တွေလည်းမရှိတော့။

ပိစိနှစ်ကောင်ကတော့ ဝေ့ရင်းတို့နှစ်ယောက်ကြားထဲတိုးဝင်ပြီး စကားတွေများတော့သည်။

ပန်းချီကားထဲမှာသာ ခန့်ညားချောမောသောခမည်းတော်ကိုမြင်ဖူးကြတာမို့ ယခုလိုအပြင်မှာပြန်တွေ့တော့ သေချာစူးစမ်းနေကြသည်။

"အဆိုးလေးကိုရှာရမယ်...အဆိုးလေးရေ...အဆိုးလေး"

ရုတ်တရတ်ကြီးထယောင်သောထိုလူသည် ဝေ့ရင်းလက်ကိုလွှတ်ကာ တစ်စုံတစ်ယောက်ကိုခေါ်နေသည်။ ထိုတစ်စုံတစ်ယောက်သည် ဝေ့ရင်းဆိုတာကိုတော့ အသိစိတ်ချို့ယွင်းနေသောထိုလူကသိမှာမဟုတ်။

"အိပ်..ပြန်အိပ်နော်။အဆိုးလေးကဒီမှာရှိတယ်။ခင်ဗျားနဲ့အတူရှိနေတယ်"

"အဆိုးလေးကိုကာကွယ်ပေးမယ်"

ထိုသို့ပြောပြီး လက်ကမ်းကာနေသောသူ၏ရင်ခွင်ထဲသို့ ခိုလှုံလိုက်သည်။

ဝေ့ရင်းအတွက် အမြဲတမ်းလုံခြုံစေသောရင်ခွင်ကျယ်သည်ယခုထိလည်းလုံခြုံမှုကိုပေးစွမ်းစေတုန်းပင်။

အဆောင်တော်ရှေ့၌ရပ်စောင့်နေသောလူတစ်ယောက်သည် ဝေ့သီနေသောမျက်ရည်တို့ကြားမှအလှဆုံးပြုံးသည်။

ပြီးနောက်ဦးညွတ်လိုက်ပြီး ကောင်းကင်သို့ပြန်လည်တက်သွားသည်။ ယင်းသည် အလွန်လှပသောသလင်းရောင်ကြယ်ပင်ဖြစ်သည်။

ထိုကြယ်လေးကိုမြင်လိုက်ရသော မီးနတ်ဖုရားပုစိ၏ရင်ဘတ်တစ်နေရာသည် နာကျင်သွား၏။ ဘာကြောင့်မှန်းမသိပေမယ့် အရင်တည်းကသိနေခဲ့သလိုမျိုးခံစားချက်ကိုခံစားမိနေသည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now