8"အရှင်"
"ပြော ကိုယ်တော့်ကြင်ယာတော်လေး"
"အရှင်ကလေ ဝေ့ရင်းကိုရိုးသွားရင် ကြင်ယာတော်အသစ်ထပ်ရှာမှာလားဟင်"
ထိုသို့မေးလာခဲ့သော ကြင်ယာတော်မျက်ဝန်းမှာ စိုးထိတ်မှုတွေနဲ့။
"ကြင်ယာတော်က ဘယ်လိုမျှော်လင့်ထားလို့လဲ"
"မမျှော်လင့်ရဲပါဘူး အရှင် ။ အရှင်ချစ်ရင်စံရမှာပါ အရှင်ပြစ်ရင်လည်းခံရမှာပါ"
"မှားတယ် အရှင်ချစ်ရင်ခံရမှာမဟုတ်ဘူးလား"
"အရှင်နော် စကားအကောင်းပြောနေတာကို အင့်"
ရှိုက်သံတွေထွက်လာတာမို့ မကြားချင်သောအသံတွေကို
နှုတ်ခမ်းတစုံဖြင့်နှုတ်ပိတ်ပေးမိ၏။"မှတ်ထား ကိုယ်တော့်ကြင်ယာတော်လေး။ကိုယ်တော်ကကြင်ယာတော်ကိုချစ်လို့လက်ဆက်ခဲ့တာ။ ကိုယ်တော့်အလိုဖြည့်ဖို့တစ်ခုတည်းအတွက်မဟုတ်ဘူး ပြီးတော့အထူးဆန်းဆုံးတစ်ခုရှိတယ် အဲဒါဘာလဲသိချင်လား"
"ဟုတ်"
"ကိုယ်တော့်ရဲ့သွေးသားက ကြင်ယာတော်နဲ့တွေ့မှထကြွလာတာ"
သွားပြီ....။
ရှက်ပြီးရင်ခွင်ထဲခေါင်းတိုးနေပြန်ပြီ။"ခုချိန်ထိရှက်နေတုန်းပဲလား ကြင်ယာတော်လေး"
"ရှက်တာပေါ့ အရှင်ကသာ အရှက်မရှိဘာတွေပြောနေမှန်းမသိဘူး"
"ကိုယ်တော်ကအရှက်မရှိဘူးဆိုတာအမှန်ပဲ ခုတောင်ပြန်စချင်နေပြီ"
"အရှင်နော် အရှင်အရမ်းဆိုးတယ်"
"ကိုယ်တော်ကကြင်ယာတော်ကိုရိုးဖို့မပြောနဲ့။ခုတောင်ချစ်လို့မဝဘူး။ ကြင်နာလို့မဝဘူး။ နောက်ထပ်ရှိမလာမယ့်အချစ်တွေနဲ့ကြင်ယာတော်ကို ချည်နှောင်ထားမယ်"
ဝေ့ရင်း...အရှင့်အချစ်ကိုပိုင်ဆိုင်ရတာအရမ်းကံကောင်းတာပဲ။
"ကြင်ယာတော်လေး"
"ဟုတ်"
"တိုင်းပြည်ရဲ့ မိဖုရားခေါင်ကြီးမလုပ်ချင်ဘူးလား"
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI