MLML 27

231 16 0
                                    


27

၇ နှစ်ခန့်ကြာသော်: 

ညီလာခံခန်းမအတွင်းမှ ထွက်လာသောဧကရီသည်ပင်ပန်းနေပြီဖြစ်သည်။

ဘုရင့်နေရာကိုမယူပါပဲ ထိန်းသိမ်းထားမည်ဟုပြောလာစဉ်ကလည်း အမတ်တို့ကကန့်ကွက်ခြင်းမပြုကြပါ။

သို့သော်..တိုင်းပြည်မှာအရှင်သခင်လစ်လပ်နေတာက ၆နှစ်ကျော်၇နှစ်ပင်ရှိနေပြီမို့ ထီးနန်းကိုသိမ်းယူဖို့လျှောက်တင်ကြပြန်တော့လည်း ယင်းအဆိုကိုပယ်ချသည်။

တိုင်းပြည်ဥသျှောင်ဖြစ်သော အရှင်လန်ကျန့်သည် မကြာခင်ပြန်လာ​ေတာ့မှာဖြစ်လို့ စောင့်ဆိုင်းပေးကြပါဟု ပြောလာသောစကားသည် အမိန့်မဆန်ပေမယ့် အာဏာစက်ကတော့ပြင်းသည်။

လွန်ခဲ့သော၇နှစ်:

သာယာသောမနက်ခင်းတစ်ခုတွင် နန်းတော်ထဲမှအတူယှဉ်တွဲကာ နှစ်ယောက်သားထွက်သွားကြသည်။

ထို့နောက် သုံးရက်ကြာမှပြန်ရောက်လာတော့ မိဖုရားခေါင်ကြီးတစ်ဦးတည်းသာ။

အရှင်လန်ကျန့် တစ်နေ့တော့ပြန်လာလိမ့်မည်ဆိုသော စကားကိုသာပြောလာတာမို့ဆက်မမေးရဲကြ။

တိုင်းပြည်တွင်အုပ်ချုပ်သူရှိမနေတာမို့ လက်အောက်ခံတိုင်းပြည်တွေနှင့်ပြည်နယ်စုတွေကပါ ပုန်ကန်ချင်လာကြသည်။

ထိုအခါ မိဖုရားခေါင်ကြီးပြန်ပို့လိုက်သောသဝဏ်လွှာသည် ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းမျိုးမဟုတ်ခဲ့ပဲ စစ်တိုက်ရန်သဘောတူခြင်းဖြစ်ခဲ့သည်။

နန်းသွေးရှိနေခဲ့တာမို့ ရှိသမျှအမတ်တွေက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပေမယ့်အရာမရောက်ခဲ့။

နောက်တစ်နေ့မနက်အစောကြီး နန်းတော်တံခါးဖွင့်သောအခါ၌ဝယ် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာသေဆုံးနေသောလူတစ်ယောက်၏ခေါင်းကိုကိုင်ထားသော မိဖုရားခေါင်ကြီးဝေ့ရင်းကိုတွေ့သော တံခါးစောင့်သည် လန့်လွန်း၍ဖင်ထိုင်လျက်ပါကျရ၏။

ထို့အနောက်တွင် ဖမ်းဆီးခံစစ်သုံ့ပန်းများစွာက လိုက်ပါလာကြပြီး အလွန်ထိတ်လန့်တုန်လှုပ်နေကြသောမျက်နှာများနှင့်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now