MLML 38

191 12 0
                                    


38

ဧကရာဇ်နှင့်ဧကရီလေးတို့၏ အပြန်အလှန်ထားရှိသောသစ္စာတရားတို့သည် ကြားရမြင်ရသောသူအပေါင်းတို့၏ ရင်ထဲအသည်းထဲ၌ အမျိုးအမည်မသိသောခံစားမှုမျိုးကိုခံစားကြရလေသည်။ 

အသီးသီးသစ္စာစကားတို့ပြီးဆုံးသွားသော် ဟင်းလင်းပြင်ဖြစ်နေသောနန်းရင်ပြင်အလယ်၌ ကျယ်လောင်စွာသောမြည်ဟီးသံကြီးပေါ်ထွက်လာပြီးနောက် မော်ကွန်းကျောက်ချပ်ပြားနှစ်ချပ်သည် မြေကြီးမြေသားတို့ကိုဖောက်ထွက်ကာ အလိုအလျောက်ပေါ်ထွက်လာလေသည်။

ယင်းကျောက်ချပ်ပြားနှစ်ချပ်ပေါ်၌ ထွင်းထားပြီးသောစာသားတစ်ချို့ကို မော်ကွန်းထိန်းနှင့်စာပေဝန်ကြီးမှတစ်ဆင့် ပြန်ပြောင်းပြောပြမှုအရသိရလေတော့ အံဩသွားကြမှုက မဖြစ်နိုင်ခြင်းများစွာကို ဖိတ်ခေါ်နေလေတော့သည်။

ယာဘက်မော်ကွန်းကျောက်ချပ်ပြားရှိ ဧကရာဇ်၏ပုံတူပန်းချီကားချပ်အောက်တွင် ဧကရာဇ်၏နှုတ်မိန့်သစ္စာစကားထွင်းထားပြီးဖြစ်ပြီး ဝဲဘက်မော်ကွန်းကျောက်ချပ်ပြားထက်တွင်တော့ ဧကရီလေး၏ပုံတူပန်းချီကားနှင့်အတူနှုတ်မိန့်သစ္စာစကားထုထွင်းထားပြန်လေသည်။

နတ်ဒေဝါတွေကတောင် ကောင်းချီးမင်္ဂလာချီးမြှင့်ပေးရသော ချစ်ခြင်းတစ်ခုသည် အသရေနှင့်ပြည့်စုံပြီး အလွန်တစ်ရာမှကိုကောင်းမွန်လှသော ပြယုဂ်တစ်ခုဖြစ်ပေမည်။

"ဧကရီလေး ရုံဟွာ့ကိုမုန်းခဲ့လားဟင်"

ယခုချိန်ထိလည်းဖြူစင်ချင်ယောင်ဆောင်နေသေးသော အနှီအကမယ်သည် မမျှော်လင့်ထားသော စကားတစ်ခွန်းကို မထင်မှတ်ထားချိန်မှာ မေးလာလေပြီ။

"ဝေ့ရင်းအသိဉာဏ်ထဲမှာရှိနေတဲ့သူကိုပဲ ချစ်သူမုန်းသူအဖြစ်ခွဲခြားလို့ရတာပါ။ အရှင်တစ်ယောက်တည်းကိုပဲချစ်ပြီး အရှင်တစ်ဦးတည်းကိုသာမုန်းခဲ့ပါတယ်။ ရုံဟွာမိန်းကလေးရဲ့ဘဝကိုစာနာမိပါတယ်။ အမှားတွေကိုသုံးသပ်ပြီး အပြစ်တွေကိုဝန်ခံပြီး အရာရာကိုလွှတ်ချလိုက်ပါတော့လား။ "

"ရုံဟွာ့ဘဝမှာ လူတယောက်ရဲ့မေတ္တာက စစ်မှန်တယ်လို့ထင်မိတာ ဧကရီလေးကိုမှပါ။ ဖြူစင်တဲ့မျက်နှာလေးကဟန်ဆောင်မှုသိပ်ကင်းမဲ့တယ်။ ပြိုင်ဖက်မိဖုရားတွေကိုတောင်မှ အမတယောက်လိုသဘောထားပေးနိုင်တယ်။ ရုံဟွာက ဧကရီလေးကိုသိပ်ချစ်တာပဲ"

MY LOVE MY LORD (COMPLETED)Where stories live. Discover now