MLML 30

256 15 0
                                    


30

နန်းတော်ကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်ကာ ညသန်းခေါင်ယံ၏သရုပ်ကို ပီပီပြင်ပြင်ဖော်ကျူ းနေသည်။

ကောင်းကင်ယံ၌ သန်းခေါင်ယံအချိန်တွင်သာပေါ်ထွန်းလေ့ရှိသောခုနစ်စင်ကြယ်သည် လင်းလက်တောက်ပစွာပင် အခြံအရံကြယ်အစုအပေါင်းတို့ထက် လင်းချင်းနေသည်။

ဧကရာဇ်အဆောင်တော်အတွင်း၌ အပူအပင်ကင်းစွာအိပ်ပျော်နေသော သားတော်နှစ်ပါးနှင့်ချစ်ခင်ပွန်းအရှင်မင်းမြတ်တို့သည် ဟောက်နေကြပြီဖြစ်သည်။

တော်ဝင်အရေးကိစ္စသည် ဝေ့ရင်းနှင့်သာသက်ဆိုင်နေသေးတာမို့ ပေါ့ပေါ့တန်တန်ထား၍မရ။

နယ်ခြားစောင့်တပ်တွေရဲ့အစီရင်ခံစာတွေကိုလည်း အပြီးဖတ်ရှုရသေးသည်။ ပုန်ကန်မှုတွေ၊ထောင်ထားခြားနားမှုတွေမရှိရလေအောင်စီမံနေရသေးတော့ ယခုထိမအိပ်ရသေး။ ပြည်သူတချို့၏တိုင်စာတွေကိုလည်း သေချာစိစစ်ကာရာဇဝတ်ခုံရုံးသို့အချိန်မှီပို့စေသည်။ ကျပ်တည်းနေသောပြည်သူတွေကိုလည်း အဆင်ပြေချောမွေ့အောင် စီမံပေးတဲ့အမှုကိစ္စတွေအားလုံးက ဝေ့ရင်းဆိုသောဧကရီလေးဆီမှာသာပုံလို့နေတော့သည်။

သဝဏ်လွှာတွေ၊ ပေလိပ်လွှာတွေသည် ဖြည်းဖြည်းချင်းလျော့ပါးလာရာမှ နောက်ဆုံးတစ်လိပ်သို့အရောက်တွင် အကြောတို့ပင်ဆန့်မိတော့သည်။

ဒါနောက်ဆုံးပဲဟု လက်သီးလက်မောင်းတွေတန်းကာ တစ်ယောက်တည်းပြုံးနေမိတော့သည်။ တိုင်းပြည်ရဲ့ဧကရီတပါးက ဤမျှထိကလေးဆန်နေရလားဆိုကာ ခေါင်းလေးယမ်းလိုက်မိသည်။

စာလွှာကိုဖြန့်လိုက်တော့ ဘာမှရေးမထားသောကြောင့် ဇဝေဇဝါဖြစ်လို့သွားရသည်။

မှားပြီးပို့ကြတာများလားဟုတွေးပြီး စာလွှာပြန်လိပ်လိုက်တော့ စာရွက်အပိုင်းလေးက သစ်သားပေလွှာလေးထဲက တစွန်းတစထွက်လို့နေလေသည်။

ဆွဲထုတ်လိုက်ပြန်တော့ အသီးတစ်မျိုးရဲ့အနံ့ကိုပြင်းစွာရလိုက်သည်။ ထို့နောက်ဗြောင်ဖြစ်နေသောစာရွက်။

လျှို့ဝှက်စာမှန်းတန်းသိတာနဲ့ နေရာမှချက်ခြင်းထကာ အဆောင်တော်ထဲခေတ္တမျှ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေလိုက်သည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now