FINALEသိစိတ်နဲ့မသိစိတ်တို့က တထပ်တည်းကျသွားချိန်မှာ သတိရမိသော ဦးဆုံးလူသားက အရှင်။
မျက်လုံးတို့ကိုမဖွင့်မိသေးပဲ ဦးနှောက်ကအကြောင်းအရာတချို့ကို အသည်းအသန်ပြန်တွေးနေမိပြီး ဝမ်းနည်းစိတ်တို့ကပိုမိုလာလေတော့ စေ့ပိတ်ထားသည့်မျက်ဝန်းတွေကြားမှ သည်းသည်းသန်သန်ကျဆင်းလာသော မျက်ရည်ပေါက်လေးများ။
အရှင်က ဝေ့ရင်းကို စိတ်ပျက်သွားပြီလား။
ဖြစ်နိုင်တာကတော့! အတော်လေးစိတ်ဆိုးသွားမှာပင်။အရှင့်ရဲ့အချစ်ကိုအကြွင်းမဲ့ယုံပါသည်။ ယုံပေမယ့် တစ်တိုင်းပြည်လုံးနဲ့စစ်ခင်းရမည့် အရေးကိစ္စကိုတော့ ဝေ့ရင်းကရအောင်တားရမည်။
သတိမမေ့သေးခင်က အရှင်နှင့်အချေအတင်တွေပြောနေကြသည်။ နောက်ဆုံးစကားလေးကြောင့် ဝေ့ရင်းနှလုံးသားလေးကဆွံ့အသွားရပြီး စကားမဆိုနိုင်တော့ပေ။
"ကိုယ်တော် မင်းမျက်နှာကိုဘယ်တော့မှမကြည့်တော့ဘူး ဧကရီ" တဲ့လား အရှင်သခင်ရယ်။
ဘာ်လောက်ပဲစိတ်ဆိုးဆိုး ယခုလိုတော့မပြောသင့်ဘူးလို့ ဝေ့ရင်းထင်သည်။
"နိုးပြီလား"
ရင်းနှီးကျွမ်းဝင်လျက်ရှိသော ခပ်ဩဩအသံလေးကြောင့် စေ့ပိတ်ထားမိသောမျက်ဝန်းတစ်စုံကို မြန်ဆန်စွာဖွင့်မိသည်။
ဧကရာဇ်အဆောင်တော်ထက်ပင်ကျယ်ဝန်းသော အကျယ်အဝန်းအရ ဤနေရာသည်က ဘယ်လိုနေရာကြီးလဲ။
အခန်းကျယ်ကြီးထဲ၌ အိပ်ဆောင်ခုတင်နှင့် စာရေးစားပွဲလေးတစ်ခုသာရှိသည်။
"မျက်လုံးတွေနာနေသေးလား။ ကိုယ်တော်ကြာစွယ်ဟင်းချိုချက်ထားတယ်။ ဗိုက်ဆာရင် ကိုယ်လက်သန့်စင်ပြီးစားလိုက်"
အနားသို့မလာပါပဲ အဝေးမှနေပြီး မှာတမ်းခြွေနေခြင်းက တကယ်ပဲပြောသလိုလုပ်ဖို့ စဉ်းစားနေခြင်းလား။ ပြတ်သားနေခြင်းလား။
ဝေ့ရင်းမျက်နှာကိုတစ်ချက်မှမကြည့်တော့ပါသော ချစ်ရသူကြောင့် နှလုံးသားကတဆစ်ဆစ်ကိုက်ကာ နာကျင်လှသည်။
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI