23"မှတ်ထားလိုက် အဲ့ဒါအရှင့်အနားမှာဆက်နေရင် ကြုံတွေ့ရမယ့်မြင်ကွင်းပဲ"
ဘယ်ကထွက်လာမှန်းမသိတဲ့ မိန်းမတယောက်ရဲ့အသံကြောင့် ဝေ့ရင်းကိုယ်လေးက သိမ့်ကနဲသိမ့်ကနဲငိုကြွေးနေမိရင်း အသိစိတ်တို့က တဖြည်းဖြည်းအမှောင်ထုထဲတိုးဝင်လျက်။
လန်ကျန့်စာဖတ်နေစဉ် အဆိုးလေးထံမှရှိုက်သံလိုလိုကြားလိုက်မိတာမို့ အပြေးအလွှားကြည့်မိလေတော့....။
ခေါင်းလေးကိုဘယ်ညာရမ်းကာ မျက်ဝန်းထောင့်မှမျက်ရည်တို့က အရှိန်ပြင်းစွာကျလာလေတော့ လက်သီးကိုတင်းတင်းဆုပ်မိသည်။
အရမ်းကိုထိတ်လန့်နေတဲ့မျက်နှာဟန်ပန်လေးက ရင်ကိုခွဲနေသလို...။
အဲဒီနောက်မှာ မျက်လုံးလေးပွင့်ကာပြောလာတာက..။
"အရှင် ဝေ့ရင်းကိုသတ်လိုက်ပါ"
လန်ကျန့်သက်ပြင်းချကာအကြည့်တို့လွှဲလိုက်သည်။
မဟုတ်ရင် ခက်ထန်ကြမ်းတမ်းသော သူ့ရဲ့ပုံစံအမှန်ကို အဆိုးလေးတွေ့ပြီး လန့်သွားနိုင်တာမို့....။
မျက်လုံးဖွင့်ဖွင့်ချင်းပြောလာတာက သတ်လိုက်ပါတဲ့လား...။
ဘာလို့ အဲ့လိုပြောထွက်ရတာလဲ...။
စိုးထိတ်နေသောမျက်နှာအမူအရာကဘာအတွက်လဲ။
တဆတ်ဆတ်တုန်နေသောနှုတ်ခမ်းပါးလေးရယ်...။
သွေးရောင်မဲ့ကာဖျော့တော့နေသောမျက်နှာလေးက ဖွေးစွတ်ဖြူလျော်နေသည်။
မျက်ရည်တွေဝဲကာကြည့်နေသူလေးကို မမှိတ်မသုန်ကြည့်နေမိသည်။
ထို့နောက်မှာ အပြာရောင်အမြုတေကြေးပြားလေးကို အဆိုးလေးနဖူးမှာဖိကပ်လိုက်တော့မှ အကြောင်းအရင်းမှန်ကိုသိရလေသည်။
အကြောင်းရင်းမှန်ကိုသိရလေ ဒေါသထွက်ရလေပင်။
ဘာအဆင့်မှမရှိတဲ့ ပြည်နယ်စုတစ်စုရဲ့မင်းသမီးက မိဖုရားဖြစ်လာတော့ဘဝမေ့သွားပုံပင်....။
မိဖုရားခေါင်ကြီးဟာဘယ်သူလဲမသိကြလေသလား...။
လန်ကျန့်ကချစ်ရသူ မြတ်နိုးရသူကိုလေ။
ခြိမ်းခြောက်ရဲကြတယ်ပေါ့....။
![](https://img.wattpad.com/cover/321308410-288-k35736.jpg)
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanficHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI