MLML 42

206 12 0
                                    


42

ဧကရာဇ်အဆောင်တော်လေးထဲ လှမ်းဝင်မိလေတော့ မြင်လိုက်ရသည်က သလွန်တော်ပေါ်မှာ ငုတ်တုတ်လေးငိုက်နေကာ မျက်လုံးအစုံတို့ပိတ်ထားလေသော အဆိုးအဆာဘွဲ့အမည်ခံဧကရီလေး။

တစ်စုံတစ်ခုသောအရာကိုပြသချိန်မတန်သေးတာမို့ ယင်းအရာကိုမြင်သွားမှာ စိုးရိမ်နေသောအရှင်သည် အလျင်အမြန်သွားကာ သူ၏ခန္ဓာကိုယ်နှင့်ကွယ်ကာကွယ်ကာပင် လုပ်ရသည်။

တကျွတ်ကျွတ်အသံပေးကာ ကျောလေးသပ်ပေးလိုက်လေတော့ ဟင့်ကနဲအသံထွက်ပြီး လန်ကျန့်အားထွေးဖက်လာလေသည်။

ယင်းအနေအထားအတိုင်းလေး လှဲချလိုက်ပြီး အိပ်မောကျသည်အထိ ငြိမ်နေလိုက်သည်။ တစ်ချက်ချင်းပေါ်ထွက်လာသောအသက်ရှူသံကိုကြားရတော့မှ အနည်းငယ်လှုပ်ရှားကာ အနေအထားပြင်ရလေသည်။

အဆိုးလေးခါးတွေဘာတွေနာသွားနိုင်သည်လေ။ နေရာပြင်ပြီးတော့မှ ရင်ခွင်ထဲထည့်ကာ နဖူးလေးကိုအမြတ်တနိုးလေးနမ်းမိသည်။

သေးကျဉ်သောနဖူးလေးကိုထိကပ်ထားသော နှုတ်ခမ်းထူထူတစ်စုံသည် ပျော်ရွှင်ဝမ်းမြောက်ကြည်နူးမှုအပြည့်ဖြင့် ချစ်စိတ်အဟုန်ထုံမွမ်းနေခဲ့လေသည်။

နေမင်း၏အလင်းမထွက်လာခင်အချိန်စပ်ကြားလေး၌ တစ်ယောက်သောလူသည် တစ်စုံတစ်ယောက်၏ဖက်တွယ်ထားသောလက်တစ်စုံမှ လွန့်လူးနိုးထလာလေသည်။

ချမ်းအေးလှသောရာသီတစ်ခုမှာတောင် နွေးထွေးလှသောရင်ငွေ့ကိုရရှိနေသည်။ တစောင်းအနေအထားလေးအတိုင်း အိပ်ပျော်နေသော ဝေ့ရင်းချစ်ရသူသည် ဤကဲ့သို့သောအခြေအနေမျိုးမှာတောင် ခန့်ညားမှုကမှေးမှိန်မသွား။

မျက်ဝန်းအစုံပိတ်ကျနေပါသော မတိုမရှည်မျက်တောင်ဖျားခပ်စိတ်စိတ်လေးတွေက အနီးကပ်မြင်ရချိန်မှာတောင် ပြည့်စုံနေသည်ကအထင်အရှား။

အနည်းငယ်ပိန်သွားသော ပါးလေးတွေနဲ့ ပါးရိုးထင်းထင်းကြီးတွေက ယခုအခါမှာတော့ အရှင့်မျက်နှာတော်ထက်မှာ အသေအချာအကျအနနေရာယူလို့ထားချေပြီ။

တချိန်တခါက ဝေ့ရင်းအမြတ်တနိုးငုံထွေးမိသော နှာတံလုံးလုံးလေးသည် ယခုအခါမှာတော့ ရှည်သွယ်သောနှာတံလေးအဖြစ်သို့ပြောင်းလဲရောက်ရှိသွားပြီးဖြစ်သည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now