MLML 35

210 12 0
                                    


35

"အရှင် မလုပ်နဲ့ "

တားမြစ်လာသော အဆိုပါဧကရီလေးအား ပြန်လည်ပြုံးပြပါလေသော တိုင်းပြည်၏အရှင်သည် အရာရာကိုဆုံးဖြတ်ထားပြီးသည့်အတိုင်း။

"မယ်မင်း အဆင်သင့်ဖြစ်လောက်ပြီလို့ ငါကို်ယ်တော်ယူဆတယ်"

"ဘာလို့လဲ မဟုတ်သေးဘူးလေ။ သေရတော့မှာလေ..ဘယ်လိုလုပ်ပြီး...။ တစ်ခုခုမှားနေပြီ"

ပြောပြောဆိုဆို သူမခန္ဓာကိုယ်ထဲက လက်ကျန်အတွင်းအားတစ်ချို့ကိုစုစည်းကာ အဆိပ်ငွေ့တွေထုတ်လွှတ်စေဖို့စေခိုင်းပေမယ့် သူမခန္ဓာကိုယ်၊သူမအတွင်းအား၊သူမ၏အဆိပ်ပညာရပ်တွေသည် သူမဖြစ်စေချင်သလို ဖြစ်လာနိုင်တော့မည်မဟုတ်တော့ပါချေ။

အကြောင်းမှာ သူမ၏လွဲမှားစွာတွေးခေါ်သိရှိထားသော အသိပညာတချို့ကြောင့် သူမ၏အတတ်ပညာတွေကို လတ်တလောအသုံးပြု၍ရနိုင်မည်မဟုတ်ချေ။

"မယ်မင်းဘယ်သူလဲဆိုတာ ဝန်ခံတော့မလား။ ဒါမှမဟုတ် ဆက်ကြိုးစားချင်သေးလား"

"တစ်ခုပဲသိခွင့်ပေးပါ။ ဘာလို့ခုလောက်အလွယ်လေးထိန်းချုပ်လို့်ရသွားတာလဲ"

"မယ်မင်းရဲ့လောဘကြောင့်လေ။ ပြီးတော့ မယ်မင်းကိုယ်တိုင်ကဘာလဲဆိုတာကိုလည်း မေ့လျော့နေခဲ့တယ်လေ"

ထို့နောက် အရှင်သည် ဝေ့ရင်းအားတစ်ချက်မျှကြည့်ကာ လူပရိသတ်ဘက်သို့ပြန်လည်မျက်နှာမူလိုက်သည်။

"ငါကိုယ်တော်ဟာ ရန်သူကိုလျှော့တွက်ခဲ့မိတယ်။ ငါကိုယ်တော်ပျောက်ဆုံးနေခဲ့တဲ့၇နှစ်တာကာလကြောင့် လူရောစိတ်ပါ ပင်ပန်းခဲ့ရတဲ့အပြင် တိုင်းပြည်ကိုကောင်းမွန်စွာစောင့်ရှောက်ပေးခဲ့တဲ့ ငါကိုယ်တော်ရဲ့တစ်ဦးတည်းသောမိဖုရားခေါင်ကြီး တိုင်းပြည်ရဲ့ဧကရီ တိုင်းပြည်ရဲ့မိခင်ကို ငါကိုယ်တော်အားနာရသလို ကျေးဇူးလည်းတင်ရပါတယ်။ လေးစားရသလို ဝမ်းနည်းရပါတယ်။ "

အရှင်မင်းမြတ်သည် ခပ်လှမ်းလှမ်းမှာရှိနေသော အမတ်ကြီးနှစ်ယောက်ကို အနားသို့ခေါ်ယူသည်။

"မော်ကွန်းထိန်းနဲ့စာပေဝန်ကြီး လိုက်လံမှတ်သားကြ"

*ငါကိုယ်တော်ပြန်ပြောင်းပြောပြမည့် ဤအခြင်းအရာအား မော်ကွန်းတိုက်တွင် ကမ္ဗည်းတင်စေရမည်။ နောင်လာနောင်သားများသိရှိရလေအောင် မှတ်တမ်းမှတ်ရာများနဲ့တကွ ရေးသားသွတ်သွင်းခဲ့မည်။ နောက်နောင်တွင်လည်း ဤကဲ့သို့သောအမှုကိစ္စကိုပြုလုပ်ပါက ရရှိခံစားရမည့်ပြစ်ဒဏ်သည် သေဒဏ်ဖြစ်၍ ဝိညာဉ်ကိုလည်းအလွတ်ပေးမည်မဟုတ်၊သံသရာကျင်လည်သမျှကာလပတ်လုံး၌ အများတကာထက်နိမ့်ကျသောဝိညာဉ်ဘဝကိုရရှိစေပြီး မကျွတ်မလွတ်သောဘဝ၌သာပျော်မွေ့နေစေမည်။*

MY LOVE MY LORD (COMPLETED)Where stories live. Discover now