25
"အရှင် ဝေ့ရင်း ဗိုက်ဆာတယ်"
ဆန်မုန့်လုံးတွေစားပြီးတာမှသိပ်မကြာသေး။
ခု ထပ်ဆာလာပြန်ပြီ။"ကိုယ်တော် ပြင်ခိုင်းလိုက်မယ် ခဏစောင့်နော် အဆိုးလေး"
"ဟုတ်ကဲ့ အရှင်ကအကောင်းဆုံးပဲ"
ပြောလိုတာပြောပြီး လုပ်လက်စဆက်လုပ်နေလေသောအဆိုးလေး!!
ထိုအခိုက်!
လန်ကျန့်လက်ဖျံရိုးကပူလာတာမို့ ဝတ်ရုံကိုခေါက်တင်လိုက်မိတော့ အသက်ဝင်နေသောသွေးအစီအရင်တစ်ခု။
အတွင်းအားကျင့်စဉ်တချို့ကိုရင်း၍ ထိုသွေးအစီအရင်ကိုထပ်မံအသက်သွင်းလိုက်သည်။
ထိုအခါမှာရုပ်လုံးပေါ်လာတာက!!
"တောက်"
ဒေါသတရားတို့ကိုချုပ်ထိန်းထားဟန်ရှိနေသော မျက်နှာအနေအထားသည် အလွန်ပဲခက်ထန်ကြမ်းတမ်းနေခဲ့ပါသည်။
"ဝေ့ရင်း ကိုယ်တော့်ဆီကိုထလာခဲ့"
ဖခမည်းတော်ပေးခဲ့သော မဟူရာရောင်အမြုတေလုံးသည် နှစ်ကိုယ်တူချစ်တင်းနှောပြီးမှသာ အသုံးပြုလို့ရမှာဖြစ်သည်။
အဆိုးလေးဗိုက်ကလည်းလရင့်နေပြီ။
ဝေခွဲရခက်နေချိန်မှာတော့ ရွေးချယ်မိတဲ့အရာကတစ်ခုတည်း။အကြောက်အလန့်မရှိ လန်ကျန့်ပေါင်ပေါ်တက်ထိုင်လာသောအဆိုးလေးက အပြစ်ကင်းစင်ကာလှပလွန်းသည်။
အနည်းငယ်ပွယောင်းယောင်းဖြစ်နေသော နို့စိမ်းရောင်ဝတ်ရုံသည် ဗိုက်ပူပူလေးကိုတော့ ကာကွယ်ဖုံးအုပ်ပေးနိုင်စွမ်းမရှိပါ။
အနည်းငယ်ပြည့်ဖောင်းလာသောပါးပြင်နှစ်ဖက်သည် အဆိုးလေးစားနေကျဆန်မုန့်လုံးလုံးတွေလို အရသာမျိုးရှိနေမလား!!
လက်တုတ်တုတ်ခြေတုတ်တုတ်ဖြစ်လာကာ အမောမခံနိုင်တော့သောအဆိုးလေးက လန်ကျန့်ကြမ်းတာကိုခံနိုင်ရည်ရှိပါ့မလား!!
"ကိုယ်တော် မင်းကိုလိုအပ်နေပြီ"
ပခုံးစွန်းနားက လျော့ကျနေသောဝတ်ရုံတစ်ဖက်ကို အသာဖွဖွဆွဲဖယ်ကာ ညှပ်ရိုးတစ်ဖက်ကိုပွတ်ဆွဲသွားသော နှုတ်ခမ်းတစ်စုံသည်ထူထူအိအိ!!
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI