43
ဧကရီလေးအား ညင်သာစွာပွေ့ဖက်ကာ တယုတယထိန်းကိုင်ပေးထားလေသော အရှင်ဧကရာဇ်သည် လေးထောင့်စားပွဲရှိခုံဝိုင်းလေးပေါ် အသာအယာချပေးသည်။
ဘယ်အချိန်ကတည်းက ယူခိုင်းထားတယ်မသိသော ရေစိုဝတ်နှင့်ရေဇလုံတစ်လုံးကလည်း ယင်းစားပွဲလေးထက်၌ အကျအနနေရာယူလို့ထားချေပြီ။
ရေစိုဝတ်လေးအား ဇလုံထဲနှစ်ကာ ရေစက်တို့ကိုပြန်လည်ညှစ်ချပြန်သည်။ အေးသွားသောရေစိုဝတ်လေးနှင့် ဝေ့ရင်းမျက်နှာအနှံ့ကို သန့်စင်ပေးလာသည်။ ဘေးနားမှာ အသင့်ယူထားဟန်တူသော ပဝါလေးနှင့် အသာဖွဖွ သုတ်ပေးလာသည်။
"ဒီနေ့ ကိုယ်တော်က အဆိုးလေးကို ကိုယ်တိုင်အဝတ်လဲပေးချင်တယ်။ ခွင့်ပြုပေးမယ်မလား ဟင် "
"အရှင်ကလည်း ဝေ့ရင်းဘာသာလဲပါ့မယ်။ အရှင်က အပြင်ခဏထွက်ပေးနော် ။ မကြာစေရဘူး။ အမြန်လဲမှာ"
အင်မတန်မှ ခေါင်းမာလေသောအရှင်သည် ပြန်စာမလာပဲ ဝေ့ရင်းအား စူးစိုက်ကြည့်နေလေသည်။ ခေါင်းညိတ်၊ ခေါင်းခါမပြုပါပဲ ရုပ်တည်ကြီးနဲ့သာကြည့်နေတာမို့ ဝေ့ရင်းကအနေခက်လာပြီဖြစ်သည်။
"ကောင်းပြီ"
ကောင်းပြီ ဟု တစ်ခွန်းတည်းသောစကားကိုဆိုကာ မတ်တပ်ထရပ်လေသော အရှင့်ကြောင့် ဝေ့ရင်းသိလိုက်ပြီ။
အရှင့်လက်ဖဝါးခပ်ကြီးကြီးတစ်ဖက်အား ဝေ့ရင်းလက်ဖဝါးသေးသေးလေးနှစ်ဖက်က အတင်းပင်အားသုံးကာ ဆွဲထားရသည်။
"ဟို! အရှင်လဲပေးချင်လည်းလဲပေးလေ။ ဝေ့ရင်းက ရှက်လို့"
ဝေ့ရင်းက ရှက်လို့ ဆိုသော အဆုံးသတ်နားလေး၌ တိုးဖျော့ပျောက်ကွယ်သွားသော စကားလုံးလေးငါးလုံးလောက်ကို အရှင်ကဘာတွေသဘောကျတယ်မသိပြန်ရ။
"ဒီနေ့တစ်နေ့လုံး အဆိုးလေးရဲ့ ကိစ္စအဝဝကို ကိုယ်တော်က အစအဆုံးလုပ်ပေးချင်လို့။ ပြီးတော့ တစ်ကိုယ်လုံးတွေ့ပြီးသားဟာကို ရှက်နေစရာလား။ ဟမ် အချစ်ကလေး"
"အဲလိုရီးမခေါ်ပါနဲ့။ ဝေ့ရင်းစိတ်ထဲတစ်မျိုးကြီးပဲ။ "
"တစ်မျိုးကြီးဆိုတာက ဘယ်လိုမျိုးကိုဆိုလိုချင်တာလဲ။ တအားရင်ခုန်လှိုက်မောလာသလိုမျိုးလား။ ဟုတ်လား။ ဒါမှမဟုတ်! ဒီလိုအနမ်းမျိုးကိုလိုချင်လို့ သွယ်ဝိုက်နေတာလား ဟမ် အချစ်ကလေး"
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictieHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI