MLML 34

189 10 0
                                    

34

လန်ဝမ့်ကျီးလေးသည် ကိုယ်ရံတော်ရဲမက်ငါးယောက်၏ ခေါ်ဆောင်ရာသို့ ငြင်းဆန်မှုမရှိလိုက်ပါသွားသည်။

လန်ဧကရာဇ်သည် ဧကရီလေး၏စိုးရိမ်ပူပန်သောအကြည့်တို့ကိုရှောင်ရှားပြီး ပလ္လင်တော်ပေါ်မှဆင်းကာ တစ်စုံတယောက်ဆီသို့လှမ်းနေသောခြေလှမ်းတို့က တည်ငြိမ်မှုအပြည့်။

မိဖုရားငယ်ချင်းချင်းကိုလက်တွဲခေါ်လိုက်ပြီး လူအများရှေ့သို့ခေါ်သွားပြန်သည်။

အံဩတုန်လှုပ်နေသလို မယုံကြည်နိုင်ခြင်းများစွာနှင့်ကြည့်နေသော ဧကရီလေးခမျာ အသံမထွက်ပဲမျက်ရည်ကျစေသောအသံတိတ်ငိုနည်းကိုသာလေ့ကျင့်နေရတော့သည်။

အားလုံးကစီစဉ်ထားသလိုဖြစ်မလာမှတော့ ဖြစ်လာသလိုပဲ
ရင်ဆိုင်ရတော့မှာပေါ့။

ဝေ့ရင်းသည် ရင်ခွင်ထဲကအဆိုးအဆာလေးကိုပိုတိုးလို့ဖက်မိတော့ မျက်နှာလေးကို လက်တုတ်တုတ်ဖောင်းဖောင်းလေးတွေဖြင့် ညင်သာစွာကိုင်ပြီး မျက်ရည်စတို့ကို သုတ်ပေးလာသူလေးက ငယ်ပေမယ့် အလိုက်သိလှသော အမွှေစိန်ငဆိုးလေးပါပင်။

သားတော်ကြီးကရော ဘာကြောင့်ခုလိုလုပ်ရတယ်ဆိုတာမသိပေမယ့် ခုဖြစ်သွားတာကိုမယုံကြည်နိုင်သေးပေ။

အငယ်လေးကို တအားအလိုလိုက်ကာ တအားလည်းချစ်တာမို့ အခမ်းအနားပြီးမှအကျိုးသင့်အကြောင်းသင့်ရှင်းပြတော့မည်ဟု စဉ်းစားထားသမျှက မှားသွားခဲ့သလား။

အကြောင်းအရင်းမရှိပဲ ယခုလိုထလုပ်တတ်တဲ့ကလေးမျိုးမှမဟုတ်တာပဲ။တစ်ကိုယ်ကောင်းမဆန်ပဲ ညီတော်တွက်ကိုသာကြည့်ပေးတဲ့ကလေးက အိမ်ရှေ့စံဆိုသောနေရာလေးတွက်နဲ့ ခုလိုအကျည်းတန်အောင်လုပ်မှာမဟုတ်ဘူးလို့ယုံတယ်။

အရှင်ကကောဘာတွေလုပ်နေပြန်တာလဲ မတွေးတတ်တော့ချေ။

"ကိုယ်တော့်ဆီကိုလာခဲ့ပါ ဧကရီ"

တည်ငြိမ်သောအသံနေအသံထားအရ တစ်ခုခုကိုဆုံးဖြတ်ချက်ချပြီးတဲ့ပုံစံမျိုး။

သားနှစ်ယောက်နဲ့တင်ရူးချင်နေရတဲ့ကြားထဲ ဒီအရှင်က ဘာတွေစတန့်ထွင်နေပြန်ပြီလဲမသိတော့ချေ။

MY LOVE MY LORD (COMPLETED)Where stories live. Discover now