MLML 40

227 13 0
                                    


40

ထက်ဝဠာကောင်းကင်သည်ကြည်လင်ပြီး အပြာရောင်မိုးသားလေးတွေဖြစ်ထွန်းနေကာ အဖြူရောင်တိမ်လိပ်တိမ်စိုင်လေးတွေ ရွေ့လျားနေပုံက မြင်သူတိုင်းရင်ထဲအေးချမ်းစေ၏။

အရှင့်ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ ကုန်လွန်ခဲ့သောအချိန်ကာလအတွက် အစွမ်းကုန်ချွဲနေပါသော ချစ်ရသူဧကရီလေးအား အပြုံးမပျက်စိတ်မခုပဲ လုပ်ချင်တာလုပ်စမ်းဆိုတဲ့သဘောနဲ့ သုံးလောက၏အရှင်သခင်သည် အရာအားလုံးကိုကြည်ဖြူ ကာ သဘောရှိစိတ်တိုင်းကျနေစေသည်။

ဧကရာဇ်အဆောင်တော်ထဲလှမ်းဝင်သွားတာကိုမြင်တော့မှ ရွှယ်ယမ်နှင့်ရှောင်ရှင်းချန်လည်း မိမိတို့အဆောင်လေးသို့ ပြန်ဖို့လုပ်ရတော့သည်။

တစ်ကယ်တော့ ရှင်းချန်နေသောအဆောင်လေးသို့လာပြီး မပြန်လေသောတစ်ယောက်သောသူကြောင့် ပြန်မလွှတ်ဖြစ်တော့တာပင်။

ရှင်းချန်သဘောကျနေပေးပါသော၊ အရာအားလုံးထက်တန်ဖိုးထားပေးပါသော၊ အရာရာမှာဦးစားပေးပြီး ဖြစ်ချင်သည်တွေကိုလျစ်လျူရှုကာ ရှင်းချန်ဆိုသော သူတစ်ဦးတည်းအတွက် ရပ်တည်ပေးပါသော ဤလူသားကြောင့် နောက်ထပ်ရွေးချယ်စရာတွေရှိလာရင်တောင် ဤလူသားထက်ကောင်းမွန်လှပါသည်ဆိုသော ရွေးချယ်စရာတွေရှိလာခဲ့သည်ရှိသော် အဖြူရောင်လူသားလေးသည် အနက်ရောင်လူသားလေးတစ်ယောက်မှလွဲ၍ မည်သူ့ကိုမျှရွေးချယ်မည်မဟုတ်ပါချေ။

ဧကရာဇ်အဆောင်တော်လေးထဲ၌ တစ်ဦးကိုတစ်ဦးမှီနွဲ့ကာ ငိုက်မြည်းနေဟန်တူသော အမြွှာနှစ်ယောက်ကိုမြင်လေတော့ ဝေ့ရင်းစိတ်ထဲပျော်သွားမိသည့်ပျော်ရွှင်မှုသည် မည်သည့်အရာနဲ့မှယှဉ်နိုင်ဖွယ်မရှိပါ။

"အရှင် အောက်ချပေး။ ဝေ့ရင်း သားတော်တို့ကိုဖက်ချင်လို့"

ညင်သာစွာချပေးလာသော အရှင့်အား...တစ်နည်းဆိုရလျှင် မြည်းစမ်းခွင့်မရတာကြာပြီဖြစ်သော အရှင့်ပါးပြင်လေးအား ချစ်မြတ်နိုးမှုတို့ဖြင့် ကိုက်,ကိုက်ဆွဲလေတော့ ဝေ့ရင်းဦးခေါင်းလေးအား ခပ်ဖွဖွပုတ်ပေးလာသည်။

လုပ်ချင်တာလုပ်..ခွင့်ပြုပေးထားတယ် ဆိုသော သဘောဆောင်သောအပြုံးတို့အားမြင်ရပြန်တော့ စိတ်ထဲကဘာကြောင့်မှန်းမသိ ကျေနပ်သွားမိသည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now