19
ကိုယ်တော့်ကိုခွင့်လွှတ်ပါ...ကြင်ယာတော်..။
အချိန်ခဏလေးပါပဲ..ပြီးရင်ပြန်ပေးဆပ်ပါ့မယ်။နေရာမှထကာ အားလုံးကိုရပ်ရန်အချက်ပြလိုက်သည်။
"မိဖုရားခေါင်ကြီးသိပ်နေမကောင်းချင်လို့ ကိုယ်တော်အနားမှာနေပေးရမယ် ကျန်ရှိတဲ့အချိန်လေးကို ပျော်ရွှင်စွာဆက်ခံစားပါ"
လန်ကျန့်တစ်ယောက် ရွှယ်ယမ်ကိုခေါ်ကာ တစ်နေရာသို့အရောက်မှာ....။
"တစ်ယောက်မကျန်အကုန်သတ်ပစ်။ ရှင်တဲ့လူရှိရင် မင်းတို့ဆွေမျိုးခုနစ်ဆက်ကျွန်အဖြစ်ခံကြရမယ်"
လန်ကျန့်အသံကြားသော် ရန်သူတွေအားလျော့ကုန်ကြသလို ရဲမက်တွေလည်းဒူးတုန်အောင်ကြောက်နေရသည်။
ထို့ကြောင့် အားလျော့ကုန်သောရန်သူတွေနှင့် မိသားစုကိုကာကွယ်ချင်သောရဲမက်တို့၏ တိုက်ပွဲကပြင်းထန်လာတော့သည်။
မိဖုရားခေါင်ကြီးခန့်အပ်ပွဲကိုအကြောင်းပြကာ အခွင့်အရေးယူချင်သူတွေက လုပ်ကြံမှုကြီးကိုအကောင်အထည်ဖော်ခဲ့ကြသည်။
သို့သော်...။
လန်ကျန့်ဆိုတာကဘယ်လိုလူမျိုးမို့လို့လဲ...။တစ်လောကလုံးက အားကျလေးစားပြီး စံပြဖြစ်နေတဲ့သူ့ကိုလျှော့တွက်မိခဲ့ကြသည်။
လူတွေအများကြီးထဲမှာ လုပ်ကြံတာတောင်မှမအောင်မြင်ခဲ့။
ခုလည်းသတင်းပို့လာပြန်ပြီ။
မိဖုရားခေါင်ကြီးကိုဖမ်းပြီး ပြန်ပေးဆွဲမယ့်အစီအစဉ်ကလည်း အထမမြောက်ပြန်ဘူး။
ယခုလည်း အခမ်းအနားမပြီးခင်ရောက်ချလာတာမို့ သွေးပျက်နေကြပြီ။
ဘယ်လိုမှမလွတ်နိုင်မှန်းလည်း သိထားပြီဖြစ်ရာ အားလုံးခေါင်းညိတ်လိုက်ကြ၏။
လည်ပင်းဆီမှာဓားရွယ်ကာ အားလုံးပြိုင်တူအဆုံးသတ်လိုက်၏။
ဒါပေမယ့်.....နောက်ဆုံးတယောက်ကျန်နေသေးတယ်။
လန်ကျန့်ဓားဆွဲထုတ်ကာလျင်မြန်စွာခုတ်ပေမယ့် သူ့အသံကပိုမြန်၏။
![](https://img.wattpad.com/cover/321308410-288-k35736.jpg)
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI