Part. 2
လန်ကျန့်.....လန်တိုင်းပြည်၏အရှင်။
အခန်းထဲမှာတယောက်တည်းထိုင်ပြီး အတွင်းအားကျင့်နေတုန်း ခံစားလိုက်ရတာက ဝင်သက်ထွက်သက်တစ်ခု။
ရန်သူဆိုသောအသိကြောင့် အကျင့်ဖြစ်နေတဲ့လက်က ကိုင်ဆောင်နေကျဓားပေါ်ကိုရောက်ပြီးသား။
မျက်လုံးဖွင့်ကြည့်မိတော့ သူ့ကိုရယ်ပြနေသောအဖြူရောင်လူသားလေး။
ချစ်စရာကောင်းလိုက်တာ...... ။
နှုတ်ခမ်းပါးအောက်နားက မှဲ့နက်ကလေးဆီကနေအကြည့်မခွာမိ။
အတွေးထဲမှာပေါ်လာတာက ချစ်စရာကောင်းလိုက်တာတဲ့လား။
"ဒီကလူကြီးမင်း လန့်သွားလား စိတ်မရှိပါနဲ့ ခဏလေးပဲနေမှာပါ"
အဆင့်အတန်းရှိရှိစကားပြောဆိုပုံအရ အထက်တန်းလွှာထဲကပဲဖြစ်ရမယ်။
ဝတ်ထားသောအဖြူရောင်ဝတ်ရုံက ထိုလူသားနှင့်လိုက်ဖက်လွန်းလှသည်။
သူ့ကိုလည်းစူးစမ်းသလိုကြည့်နေတဲ့ မျက်လုံးလေးတွေကကြည်လင်ကာအရောင်တောက်လွန်းသည်။
လန်ကျန့်ဘဝမှာလူတစ်ယောက်ကိုစူးစမ်းမိတာ ဒါ ပထမဆုံးအကြိမ်။
"ဟိုလူတွေကလဲ မပြန်သေးဘူး"
"ဘယ်သူတွေလဲ"
"အပြင်ကဝတ်စုံတူဝတ်ထားတဲ့ရဲမက်တွေလေ။ ရင်းလေး အဲ ကျွန်တော့်ကိုလိုက်ဖမ်းနေကြတာ
"မင်းကဘာလုပ်ထားလို့လဲ။ နေဦး နာမည်က ဘာလဲ"
"နာမည်ကရင်းရွှယ် ။ ဘာမှမလုပ်ထားပါဘူး"
"ဒါဆို သူတို့ကိုဘာလို့ကြောက်နေတာလဲ"
"မကြောက်ပါဘူး ဘာလို့ကြောက်ရမှာလဲ"
"ဒါဆို ခုသွားတော့"
"အာ နေဦးလေ သွားမှာပေါ့။ လာပြီးနှင်ထုတ်နေတယ် ခမည်းတော်ရေ"
နေစမ်းပါဦး..ဒီကောင်လေးက !ခမည်းတော်ရေလို့! တ, လိုက်တာလား။
ကျန်းဖုန်းမြင့်....ခင်ဗျားကသူလျှိုလွှတ်ထားတာကိုး..!!
"မင်းကဒီတိုင်းပြည်ကလား"
![](https://img.wattpad.com/cover/321308410-288-k35736.jpg)
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI