MLML 12

406 24 0
                                    


12

"အ အရှင်"

မိမိဘက်ကိုလည်ပြန်ကြည့်လာခဲ့ပြီး ဝတ်ရုံလက်ရဲ့အနားစကို သိသိသာသာဆုပ်ချေနေတာကြောင့် အပြင်ဘက်ကိုစူးစမ်းမိလေတယ်။

ကြင်ယာတော်လန့်လည်းလန့်စရာပါ။

လူတွေကနည်းတာမဟုတ်။

"အဲဒါကဘာဖြစ်နေကြတာလဲ"

"အရှင့်ရဲ့နန်းသွေးကိုလွယ်ထားရတဲ့ ကြင်ယာတော်လေးကို ဂုဏ်ပြုဖို့လာရောက်ခြင်းပါ အရှင်"

"မလိုဘူး"

မြင်လား မြင်တယ်နော် မလိုဘူးတဲ့။
လှည့်သာပြန်လိုက်ကြပေတော့ပဲ။

"ကြင်ယာတော်လေးလမ်းလျှောက်မလို့ထင်တယ် မင်ယွဲ့ပဲကူညီလိုက်ပါ့မယ် အရှင်"

"မလိုဘူး ဒါ ကိုယ်တော့်ကြင်ယာတော်။ ကိုယ်တော်နဲ့ပဲဆိုင်တယ်"

အရှင်လန်ကျန့်၏ ယခုပုံစံက အတူဆော့နေကျအဖော်ကို လာလုလို့ ကတ်ကတ်လန်အောင် ရန်ပြန်တွေ့နေသကဲ့သို့ပင်။

လမ်းလျှောက်မှန်းမသိ ရင်ခွင်ထဲရောက်မှန်းမသိဖြစ်နေသော ကြင်ယာတော်လေးအစားဝမ်းသာပေးမိကြ၏။

မိမိတို့ရဲ့အရှင်ကဲ့သို့ မာကျောခက်ထန်သော လန်ကျန့်ဆိုသောဘုရင်ကို ယခုလိုဖြစ်အောင်စွမ်းဆောင်ပေးတာကိုပဲ ကျေးဇူးတင်နေမိကြ၏။

"ဘယ်ကိုလိုက်ကြည့်နေတာလဲ ကိုယ်တော်ကဒီမှာ"

လမ်းလျှောက်နေရင်း ရုတ်တရတ်ဆွဲပွေ့လိုက်သောအရှင့်ကြောင့် လန့်သွားကာလည်တိုင်ကိုဖက်တွယ်လိုက်မိ၏။

လန့်သွားလို့နော်...ပြုတ်ကျသွားမှာစိုးလို့..!

"အရှင် အရှင် အောက်ကိုပြန်ချပေးပါ ။ ဟိုမှာလူတွေနဲ့ အွန်း"

အရှက်သည်းလှသောကြင်ယာတော်လေးကို လူတွေရှေ့မှာပေါ်တင်နမ်းလိုက်တာကြောင့် မျက်နှာအရောင်လေးကပိုရင့်သွားခဲ့၏။

ဒီနှုတ်ခမ်း..။
ဒီအနမ်းတွေကကိုယ်တော့်အပိုင်ပဲ ကြင်ယာတော်..!

"အရှင် လွှတ် အွန်း"

လည်တိုင်ကိုဖက်တွယ်ထားသော လက်တွေကိုလည်းမလွှတ်ရဲ။

MY LOVE MY LORD (COMPLETED)Where stories live. Discover now