18
" ဒီဘက်ဝေါယာဉ်ထဲကိုဝင်ပါ ကြင်ယာတော်"
ဘာတွေဖြစ်နေကြမှန်းတော့မသိပေမယ့် မူမမှန်တာတော့အသေအချာပဲ။
"ကြင်ယာတော်စိတ်ချပါ အရှင်လွှတ်လိုက်တာပါ စစ်ဆေးချင်ရင် ဒီမှာပါ"
အရှင့်ခါးမှာအမြဲချိတ်ဆွဲထားလေ့ရှိတဲ့ ကြိုးထုံးလေးကြောင့် စိတ်ချလိုက်ကာ ယှဉ်လျက်ရှိနေသော တစ်ဖက်ဝေါယာဉ်ပေါ်သို့တက်လိုက်မိသည်။
နည်းနည်းလောက်ဆက်သွားအပြီးမှာ ဝေါယာဉ်ကရပ်သွားပြန်၏။
ဝေ့ရင်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။
ထိုစဉ်ဝေါယာဉ်ကိုဖွင့်ကာ ကမ်းလင့်လာသောလက်တစ်ဖက်...!
အရှင်...!
သူသိတာပေါ့....ဒါ..အရှင်ပဲဆိုတာ..!!!
ကမ်းလာသောလက်ဖဝါးပြင်ကျယ်ထဲသို့ ဝေ့ရင်း၏သွယ်သောလက်တစ်ဖက်ကို အလိုက်သင့်တင်ပေးလိုက်ပါ၏။
အပြင်သို့ရောက်ချိန် မြင်လိုက်ရသောမြင်ကွင်းက ဝေ့ရင်းကိုဆက်မသွားမိအောင် ဖမ်းစားထားနိုင်လွန်းသည်။
လမ်းတလျှောက် ဘေးတဖက်တချက်စီမှာ ဝေ့ရင်းရဲ့ပုံတူပန်းချီတွေ....!
"အရှင် ဒါ ဒါတွေက ဘယ် ဘယ်သူဆွဲထားတာလဲဟင်"
"ကိုယ်တော်ဆွဲပေးထားတာ"
" ဘယ်တုန်းကလဲ ဝေ့ရင်းကိုတစ်ခါတည်းမြင်ဖူးတာမဟုတ်ဘူးလား"
"ကြင်ယာတော်လေးကိုတွေ့ပြီးတဲ့ချိန်ကစလို့ လက်မဆက်ခင်ချိန်ထိ သုံးလလုံးလုံးသတိရတိုင်းဆွဲဖြစ်တယ် ။အစကပန်းချီမဆွဲတတ်ပေမယ့် အဆိုးလေးတွက်သင်ထားတာ။ ဒီနောက်ပိုင်းမှာကိုယ်တော်စစ်ထွက်ရသေးတယ် ။အဲဒီတုန်းကလည်းအလွမ်းပြေအောင်ဆွဲထားတာ ။အိပ်တောင်မအိပ်ခဲ့ပဲနဲ့ပေါ့"
အရှင့်အချစ်တွေကဝေ့ရင်းပေါ်မှာထင်ထားတာထက်..!လိုနေတာထက်တောင်ပိုနေတဲ့အခါ ဝေ့ရင်းမှာအတိုင်းမသိကြည်နူးရသည်။
လန်ကျန့်...အဆိုးလေးကိုမြတ်နိုးလွန်းတာက ဝတ်ရုံပေါ်မှာတောင်ဆုံးဖြတ်လို့ရနေသည်။
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI