MLML 6

528 36 0
                                    


6

သူရိန်နေမင်းထွက်ပြူလာရာ အရှေ့ဘက်အရပ်ဝန်းကျင်သည် တောက်ပအားကောင်းသောနေရောင်ခြည်ကိုကောင်းစွာရရှိနေသည်။

မြို့တော်ကြီးရဲ့ ဈေးလမ်းမပေါ်မှာ ဥဒဟိုလှုပ်ရှားသွားလာနေကြတဲ့ တိုင်းသူပြည်သားတွေ။

လင်းရောင်ခြည်ကို ရပါပြီဆိုကတည်းက လက်တွေဟာဒလက်လည်သလိုလှုပ်ရှားကြရသော နေ့စားသမားတွေ။

ဝမ်းရေးအတွက် ရှာဖွေစားသောက်ရသော ဆင်းရဲသားအလွှာကလူတစ်ချို့။

ကျန်းတိုင်းပြည်ကြီးရဲ ့နံနက်ခင်းဟာဆိုရင်ဖြင့်တိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်။

နန်းတော်ကြီးတစ်ခုလုံးဟာ အပ်ကျသံပင်မကြားရတဲ့အထိ တိတ်ဆိတ်နေလွန်းနေတာ။

နန်းတော်အတွင်းနဲ့အပြင်ဟာ ယခင်က ထိုကဲ့သို့ကွာခြားမနေ။

လန်ကျန့်ကြောင့် ဝေ့ရင်းလေးမှာခုထိမထနိုင်သေး။

ညတုန်းကအသံတွေကြောင့်လည်းအထိန်းတော်တွေမှာနှာခေါင်းသွေးလျှံကြရသေး၏။

အရင်ကဆို မင်းသားငယ်ဝေ့ရင်း၏အသံဆာဆာလေးက ဆူဆူညံညံ။

အခုက​ေတာ့ ဝေ့ရင်းလေးမထနိုင်တာကြောင့် နန်းတော်က ကမောက်ကမတွေဖြစ်ရတော့သည်။

မနက်တိုင်းစောစောထပြီး နန်းတော်ရှိ​တွေ့သမျှလူကို ပတ်မွှေနေတာကြောင့် အကုန်လုံးနိုးကြရ၏။

ခု......တိတ်ဆိတ်လွန်းတာကြောင့် ညီလာခံဆိုလည်းနောက်ကျ အကုန်နောက်ကျကာဘာတခုမှအဆင်မပြေ။

ဝေ့ရင်းသာ လန်ကျန့်နောက်ပါသွားရင် ဘယ်လိုများလုပ်ကြရပါ့မလဲ။

အဆောင်တော်အပြင်ဖက်ကဆူညံတဲ့အသံတွေကြောင့် လန်ကျန့်နိုးလာ၏။

ရင်ခွင်ထဲမှာတော့ အဖြူရောင်လူသားလေးက အိပ်မောကျနေတုန်း။

နူးညံ့လှသောနဖူးပြင်ကျဉ်းလေးကို ဖိကပ်နမ်းရှိုက်လိုက်ပြီးမျက်နှာတော်ဆေးရန်ထွက်ခဲ့၏။

အထိန်းတော်တွေကိုမေးကြည့်မှ...ပြုံးရပြန်သည်။

မင်းလေးကိုပိုင်ဆိုင်ရတာ ကိုယ်တော်အရမ်းကံကောင်းပါတယ်ကွယ်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now