MLML 32

185 15 0
                                    


32

မနက်ခင်းအလင်းမရောက်သေးသော ဝေလီဝေလင်းအချိန် ပတ်ဝန်းကျင်သည် အလင်းအားကောင်းစွာမရသေးတာမို့ မှုန်ရီဝိုးတဝါး။

သို့သော် ထိုအချိန်တွင် နန်းတော်ထဲရှိအမှုထမ်းတွေကတော့ ဝီရိယထားကာ သတိရှိစွာ အလုပ်လုပ်နေကြရသည်။

ဤနေ့သည် ရှစ်ပြည်ထောင်တွင် အရေးကြီးဆုံးနေ့ဖြစ်တာမို့ အမှားအယွင်းဖြစ်၍မရပါချေ။

အမှားဆိုသည်ကိုလက်ခံပေးသူက ဧကရီတစ်ဦးတည်းသာဖြစ်သည်။ ဧကရာဇ်ဆိုသူကတော့ အမှားဆိုသည်ကို လုံးလုံးလျားလျားပင် လက်ခံတတ်သူမဟုတ်ပါချေ။

မှားရဲရင်သေရဲရမယ် ဟူသောဆောင်ပုဒ်သည် ဧကရာဇ်လက်ကိုင်ထားရှိသောစကားပင်ဖြစ်သည်။

အရာအားလုံးဟာအစီအစဉ်တကျလည်ပတ်နေဆဲပင်။
အကျဉ်းထောင်ထဲထည့်ပိတ်ထားလေသော ဧည့်သည်တော်များအား အရှင်လန်ကျန့် ဖြေသိမ့်ပေးခဲ့သောစကားတခွန်းက ဤသို့။

"ဝတ္တရားအရလုပ်ရတာကိုအပြစ်မယူစေလိုဘူး"ဟု။

ဝိုင်းစက်လှပသောနေမင်းကြီးထွက်ပြူလာမည့် မနက်ခင်းတစ်ခုတွင် လူပရိသတ်အပေါင်း မင်းပရိသတ်အပေါင်းတို့က ပျားပမ်းခတ်အောင်အလုပ်ရှုပ်နေကြရသည်။

စစ်သူကြီးဝမ်ချောင်သည် လုံခြုံရေးအတွက် အသေခံရဲမက်တွေကိုစိစစ်ကာ တာဝန်ထမ်းဆောင်ရန် နေရာချထားပေးနေရသည်။ မင်းသားနှစ်ပါးအနားတွင်တော့ အတော်ဆုံးကိုယ်ရံတော်အယောက်၂၀၀ကို ထပ်ကြပ်မခွာလိုက်စေရန်အမိန့်ပေးပြီးသကာလ ပင်ပန်းနေပြီဖြစ်သည်။ မနက်၂နာရီလောက်တည်းကထကာ လိုအပ်သည်များကိုပြင်ဆင်ရသေးသည်။ စစ်သူကြီးဟူသောရာထူးက အားကျစရာသာကောင်းတာ တကယ်တမ်းကျတော့ တောက်တိုမယ်ရကျ ကိုယ်ချည်းလုပ်ရတာမျိုး။ မွေးသမိခင်ရှိတဲ့ရွာလေးပဲပြန်ပြီး ကောက်စိုက်စားချင်စိတ်တွေက တခါတခါပေါ်လာတော့တယ်။

ထောင့်တစ်နေရာလေးမှာ လက်စွဲတော်ဓားကိုပိုက်ကာ ဆောင့်ကြောင်လေးထိုင်နေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသော ဝမ်ချောင်ဟူသောစစ်သူကြီးကိုကြည့်ကာ တိတ်တခိုးပြုံးပြီးဘာတွေသဘောကျတယ်မသိဖြစ်နေသော ကိုယ်ရံတော်တပ်သားလေးတယောက်ရှိနေခဲ့သည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now