EXTRA 1

207 12 0
                                    


EXTRA 1

တောအုပ်လေးထဲက ရေတံခွန်လေးအောက်မှာ အချစ်ပွဲလေးစတင်ခဲ့သောအရှင်သည် ယခုအခါမှာတော့ အတော်လေးကိုအပိုးကျိုးနေရပြီဖြစ်သည်။

*စိတ်မထိန်းနိုင်လွန်းလို့ပါ..အဆိုးလေးရယ်* ဟူသောခေါင်းစဉ်အောက်ဝယ် စိတ်ရှိလက်ရှိအချစ်ကြမ်းခဲ့မှုကြောင့် ဧကရီလေး၏မျက်စောင်းကြီးများကို တဒိုင်းဒိုင်းနှင့်ပင် သဘောတူကြည်ဖြူစွာ လက်ခံရရှိနေခဲ့ရသည်။

အိပ်ဆောင်လေးထက်၌ လဲလျောင်းနေပါသောဧကရီလေး၏ မျက်နှာနုနုလေးက စိတ်ဆိုးချင်ယောင်ဆောင်နေပြီး မကျေနပ်ခြင်းကုဋေကုဋာကိုဖော်ပြပေးပါမည့် အသွင်အပြင်သည် အမြဲလိုလိုဆူပုတ်မြဲဖြစ်သော နှုတ်ခမ်းထော်ထော်လေးကို အရှေ့သို့တစ်တောင်လောက်ထွက်နေစေခြင်းပင်ဖြစ်ပါ၏။

တစ်ဖန် အိမ်လေးထဲမှထွက်ကာ ဘာကိုအောင်မြင်ဖို့အပတ်တကုတ်ကြိုးစားနေတယ်မသိရသော ချစ်ရသူအရှင်အား ဝေ့ရင်းက တိတ်တိတ်လေးချောင်းကြည့်နေမိသည်။

ထင်းချောင်းသုံးချောင်းထောက်ကာ မီးစွဲစေရန်ကြိုးပမ်းနေပြီး ဖမ်းယူလာသော လတ်လတ်ဆတ်ဆတ်ငါးတွေကို ကင်ဖို့ရာတွက်အလုပ်များနေသော အရှင်ဧကရာဇ်သည် ဖိုခနောက်ဆိုင်ထားသော သစ်သားမီးဖိုလေးဆီမှ မီးတောက်လေးတစ်ခုပင်ထွက်မလာသေးသောကြောင့် ဇောချွေးတို့ပင်ပြန်လာရသည်။

အရှင်၏အဖြစ်ကိုကြည့်ကာ ရယ်မနေနိုင်တော့သော ဧကရီလေးက အနည်းငယ်ထူလောက်မည့်ဝတ်ရုံလေးကို အပေါ်မှထပ်ဝတ်ကာ အောက်သို့ဆင်းလာမိတော့သည်။

"အဆိုးလေး ဗိုက်ဆာနေလို့လားဟင်။ ခဏလေးပဲစောင့်နော်။ ကိုယ်တော် ငါးကင်ပေးမယ်။ ဒီမှာကအရမ်းအေးတယ်။ အပေါ်မှာပဲနေပါလား။ ကိုယ်တော် ငါးကင်ပြီးရင် အဆင်သင့်စားလို့ရအောင် ယူလာပေးပါ့မယ်"

"အင်း။ ခုအနေအထားအရဆိုရင်! အရှင်က ဝေ့ရင်းအကူအညီလိုအပ်နေမလားလို့လေ"

နားမလည်ဟန်တွေးတောနေသောအရှင်သည် တရံတခါ၌ အလွန်ပင်ဒုံးဝေးတတ်သည်။

"ဒီလိုအကူအညီမျိုးလေ အရှင်"

သစ်သားခနောက်ဆိုင်ထားသော သုံးချောင်းထောက်မီးဖိုလေးက ရုတ်ခနဲမီးစွဲသွားပြီး အပေါ်ကငါးနှစ်ကောင်က မီးအားကြောင့် တဗျစ်ဗျစ်မြည်လာတော့သည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now