41"အတိုရီးရေ မေးချရာချိယဲတိယား။ ထမည်းယော်ဂ နီးယောက်တောင်ယော်။ ဘာယို့ယဲတိယား။ တိုရီးလို့ ပိချိထော်နေဒယ်ယေ"
"အကိုကြီးအိပ်ချင်နေပြီလို့ ပိစိလေးရေ။ တစ်နေကုန်လျှောက်သွားနေတာ ခြေထောက်တွေမညောင်းသေးဘူးလား။ တစ်နေကုန်စကားတွေများနေတာ မမောသေးဘူးလား"
"ညောင်းဝူး! ညောင်းဝူး! မောဝူး!မောဝူး! ပိချိကပျော်နေယာ။ အတိုရီးကမကြော်ဝူးယား"
"မကြော်ပါဝူး။ ဟာ ယောင်ကုန်ပြီ။ အကိုကြီးက ကလေးမဟုတ်တော့ဘူးလေ။ ရင့်ကျက်မှရတော့မှာ။ အဆိုးပိစိလေးနဲ့ အရင်လို အတူရှိမပေးနိုင်တော့ဘူး။ အဆိုးလေးနဲ့လည်းဆော့မပေးနိုင်တော့ဘူး။ အဆိုးလေးလည်းလိမ်မာတော့နော်။"
ဘာမပြောညာမပြော မိမိအနားကထသွားကာ အခန်းထောင့်လေးမှာ ပေကပ်ရပ်နေသည်။ တစ်စုံတစ်ခုကို အသည်းအသန်တွေးနေသလိုမျက်နှာလေးနှင့် ဝမ်းနည်းသလိုပုံစံလေးကို အထူးအဆန်းလိုကြည့်နေမိသည်။
"အတိုရီးက အစ် ညီယော်ယေးဂို မယိုချင်တော့ဝူးယား။ အစ် အီးဟီး အစ် အစ် အတိုရီးကိုမဂျစ်တော့ဝူး။ အတိုရီးနဲ့မချော့ယော့ဝူး။ အစ် အစ် အတိုရီးနဲ့ယဲမအိပ်ယော့ဝူး။ အတိုရီးနဲ့ယဲ မနေေယာ့ဝူး။ တွားမယ် အစ် ဟင့် အီးဟီးဟီး "
အော်သံကိုအကျယ်ဆုံးမှာထားကာ တလောကလုံးအိပ်မောကျနေချိန်မှာမှ အသံစူးစူးလေးက အတော်တော့ကျယ်လောင်သည်ပြောရမည်။
မွေ့ယာပေါ်ကအမြန်ထကာ ပြေးလိုက်ရပေတော့မည်။ အော်သံကျယ်ကြောင့် အိပ်ချင်စိတ်တို့လည်းအဝေးသို့ရောက်ကြရလျက်။
အေးစက်နေသောဆောင်းရာသီအလယ်သည် ဖြူစွတ်နေသောဆီးနှင်းပွင့်တို့ကို တဖျောဖျောတဝေါဝေါကျဆင်းနေစေသည်။
အဆောင်တော်အပြင်၌ ခိုက်ခိုက်တုန်အောင်ချမ်းအေးနေလေသည်။ တသိမ့်သိမ့်ငိုနေလေသော အဆိုးပိစိလေးသည် အဆောင်တော်လှေကားစပ်နားလေး၌ ရှိုက်ရှိုက်နေပြန်သည်။
နှုတ်မှလည်းပွစိပွစိရွတ်နေသေးသော နာမည်လေးက သိပ်သိပ်ကိုအကျင့်မကောင်းသောအကိုကြီးတဲ့လေ။
YOU ARE READING
MY LOVE MY LORD (COMPLETED)
Hayran KurguHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI