22"မရဘူးဆိုပြီးအသေခံလို့ရမလား "
"အဆိုးလေး "
ဝေ့ရင်းချေပဖို့ပြင်လိုက်ပေမယ့် ပြောလာသူက..ရင်းနှီးသောအသံပိုင်ရှင်....။
"ဟင် အရှင် အရှင်က ဘယ်လိုလုပ်ပြီး"
"အဆိုးလေးဘေးဖယ်နေ ။ မင်ယွဲ့ဘာမှမဖြစ်စေရဘူးလို့ ကိုယ်တော်ကတိပေးတယ်။ စစ်ကျွေး မိဖုရားခေါင်ကြီးကို ကိုယ်တော့်အဆောင်ကိုခေါ်ဆောင်သွားပါ"
"အမိန့်တော်ကိုနာခံလျက်ပါ အရှင်"
ဝေ့ရင်းကတော့မသွားချင်သွားချင်နှင့် နောက်ကိုလည်ပြန်ကြည့်ရင်း.....။
"အရှင်တို့ကတကယ် ကယ်နိုင်မှာပါ မကောင်းတဲ့မှော်အတတ်တွေရှိနေတော့ မိဖုရားခေါင်ကြီးထိခိုက်မှာစိုးလို့ပါ"
"ဒါပေမယ့်"
"အရှင့်ကိုယုံပါ အရှင်မစွမ်းဆောင်နိုင်တဲ့အရာမရှိတာမို့လို့"
လန်ကျန့်ဘက်၌လည်း.....။
"အရှင် အရင်ဆုံး မှော်အတတ်ကိုဖယ်ရှားခြင်းအမှုကို အရင်ပြုပါရစေ"
ရှောင်ရှင်းချန်မှာ သူတော်စင်ဂိုဏ်းမှဖြစ်တာကြောင့် ယုံကြည်လိုက်တော့၏။
ရှင်းချန်လည်းကိုယ်ဖော့ပညာကိုသုံးကာ အဆောင်တော်၏အလည်ဗဟိုတည့်တည့်၌ရပ်ကာ အဖြူရောင်အလင်းတန်းတို့ကိုထုတ်ကာ မှော်သန့်စင်ခြင်းမန္တန်ကိုရွတ်လိုက်၏။
မှော်စွမ်းအားများလွန်းတာကြောင့် အချိန်အတော်ကြာထိမသန့်စင်သေးပေ။
လန်ကျန့်လည်း လက်မှအပြာရောင်အလင်းတန်းတစ်ခုဖန်ဆင်းကာ ရှင်းချန်၏အဖြူရောင်အလင်းတန်းနှင့်ဆုံစည်းပေးလိုက်တော့ အဆောင်တော်ထဲမှ မိဖုရားမင်၏အသံနက်ကြီးကထွက်ပေါ်လာ၏။
အထဲဝင်သွားတော့ လေပေါ်မှာတန်းလန်းကြီးဖြစ်ကာ ပက်လက်လန်နေသောအနေအထားနှင့် သတိမဲ့နေသောမိဖုရားမင်ယွဲ့....။
"ရွှယ်ယမ် မိဖုရားမင်ကိုသေချာဂရုစိုက်ပေးပါ"
အရှင်လန်ကျန့်လက်မှ အပြာရောင်အလင်းတန်းတစ်ချက်က ထပ်ထွက်ပေါ်ကာ မိဖုရားမင်ထံအရောက်မှာ ရွှယ်ယမ်လက်ထဲဘုတ်ကနဲကျလာသည်။
YOU ARE READING
MY LOVE MY LORD (COMPLETED)
FanficHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI